ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Friday, September 21, 2012

သဗ္ဗဇယမင်္ဂလာဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တုမှာကံ ဟောန္တု သဗ္ဗဒါ။

Monday, September 17, 2012

ကောသလမင်းအိပ်မက်(၁၆)ချက်



 




မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။ 
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား   ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။ 
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။ နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။ 
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။ နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။ 
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။ 
 (၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။ 
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။ 
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။ နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။ 
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။ နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။ 
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။ 
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။ နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။ 
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။ နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။ 
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။ 
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။ 
 (၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။ နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။ 
 (၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။ နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။ 
 (၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။ အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် အချက်လေးများ

အကယ်၍ သင်သည် ညာသန်သူတစ်ယောက်ဖြစ်ပါက ၊ အစားစားလျှင် ညာဘက်သွားဖြင့် ၀ါးရတာ သန်မည်ဖြစ်ပြီး။ ဘယ်သန်သူဖြစ်ပါက ဘယ်ဘက်သန်မည်ဖြစ်သည်။ ပီကေ၀ါးခြင်းဟာ ကြက်သွန်လှီးတဲ့ အခါ မျက်ရည်ကျတာကို ထိန်းပေးနိုင်ပါတယ်။ သင့်ရဲ့ လျှာဟာ ပန်းရောင်သန်းနေပါက ကျန်းမာရေးကောင်းပြီး ၊ အဖြူရောင်သန်းနေပါက ဘတ်တီးရီးယားပိုးများ ရှိနေတက်ပါတယ်တဲ့။ တိုင်တန်းနစ် သင်္ဘောကြီးဟာ ပထမဆုံးကယ်ဆယ်ရေးသင်္ကေတ SOS ကို စတင် အသုံးပြုခဲ့ တာဖြစ်ပါတယ်။ တစ်စုံတစ်ခုကို စူးစူးစိုက်စိုက်ကြည့်မိတဲ့ အခါ မျက်လုံးအိမ်ဟာ နဂိုထက် 45 ရာခိုင်နှုန်း ကျယ်လာတက်ပါတယ်။ ပုံမှန်အားဖြင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူ တစ်ယောက်ဟာ ညအိပ်ရင် တစ်နာရီပိုပြီးအိပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လင်းနို့ တွေဟာ ဂူထဲမှာနေရင် အမြဲတမ်း ဘယ်ဘက်ကိုလှည့်ထားတက်ကြပါတယ်။ အမျိုးသားဝတ်အကျီများမှာ ကြယ်သီးဟာညာဘက်မှာ ရှိပြီး ၊ အမျိုးသမီးဝတ်ကတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ်တဲ့။ ငှက်များထဲတွက် ဇီးကွက်တစ်မျိုးထဲစာ အပေါ်မျက်ရစ်ပိတ်ဖွင့်နိုင်ပြီး ၊ တခြားငှက်များကတော့ အောက်မျက်ရစ်သာ အသုံးပြုနိုင်ပါတယ်။ ပျားရည်ဟာ ဘာလို့ အစာကိုကြေညက်စေသလိုဆိုရင်ဖြင့် နဂို ဖြစ်ပေါ်ရာ ပျားအုံရှိ ပျားများထဲတွင် အစာကြေခဲ့ ပြီးသားဖြစ်လို့ ပါပဲ။ အပြာရောင်ဟာ စိတ်ကိုငြိမ်စေပါတယ်။ အပြာရောင်ရဲ့ ဖြစ်စဉ်က ဦးနှောက်ထဲမှာ စိတ်ငြိမ်စေတဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးလို့ ဖြစ်ပါတယ်။ သင် နာချေတဲ့ အချိန်တိုင်းမှာ သင့်ဦးနှောက်ထဲက ဆဲလ်များသေဆုံးသွားတက်ပါတယ်။ အီဖယ်မျော်စင်ကြီးဟာ အထပ်ပေါင်း ၁၇၉၂ ရှိပါတယ် ။ လူ့ ဆံပင်နဲ့ လက်သည်းများဟာ လူသေသော်လည်း ဆက်လက်ရှည်လျားဆဲဖြစ်ပါတယ် ။ ဘောလုံးသမားများဟာ ကစားပွဲမှာ အနည်းဆုံး ၇မိုင်ခန့် ပြေးလွားဆော့ကစားရပါတယ်။ လူ့ တစ်ကိုယ်လုံးတွင် မျက်ကြည်လွှာတစ်ခုထဲသာ သွေးထောက်ပံ့မှုမလိုအပ်ဘဲ ၊ လေထဲမှ အောက်စီဂျင်သာ တိုက်ရိုက် ရယူတာဖြစ်ပါတယ်။ နေ့ စဉ် အတွဲပေါင်း သန်းပေါင်း ၂၀၀ ခန့် ချစ်ကြပြီး ၊ လေးသိန်းသော ကလေးများမွေးဖွားကာ ၊ တစ်သိန်းခွဲမျှသောလူဦးရေ သေဆုံးလျက်ရှိသည်။ တိရိစ္ဆာန် ထဲတွင် ထူးခြားမှုအနေဖြင့် ယုန် နှင့် ကြက်တူရွေး နှစ်ကောင်သာ အနောက်သို့ မလှည့်ဘဲ မြင်နိုင်သည်။ ညဏ်ရည်ကောင်းသော လူများရှိ ဆံပင်တွင် ကော့ပါး နှင့် ဇင့် ဓာတ် တို့ ရှိသည်။

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းစသည့် အချက်များကြောင့် အသက်အရွယ် ကြီးပြင်းလာချိန်၌

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။ ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။ အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။ လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု .. "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။ "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။ ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။ ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသောပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။ ပွင့်ဖြူဖြူလွင် ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။ ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက် အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံးအခြေအနေတွင် ရှိသင့်သည့် အရိုးထုထည်ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။ အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။ "အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။ "နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။ ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။ ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသော ပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။

အနမ်းနှင့် ကျန်းမာရေး

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။

ရောက်ရှိလာသော စာတစ်စောင်အား တင်ပြလိုက်ပါသည်။ မဖတ်ရသေးသော သူငယ်ချင်းများအတွက် အထူးတလည် ရည်ရွယ်ပါသည်။ိအနမ်းများ ဆထက်တစ်ပိုး တိုး၍ခြွေနိုင်ကြပါစေ။ 

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ထူးခြားချက်များ

ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။

သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး

သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။

မှတ်ဥာဏ်ကောင်းသည့် ဧကရာဇ်

ရောမဧကရာဇ် ဟာဒြီယန်(၇၆-၁၃၈) သည် မှတ်ဥာဏ်အလွန်ကောင်းသူဖြစ်သည်။ သူသည် ရောမတပ်မတော်ရှိတပ်သားမှသည် ဗိုလ်ချုပ်ကြီးအထိ တပ်မတော်သားအားလုံး၏ အမည်နှင့် ရုပ်ကိုပါမှတ်မိသိရှိသည်။ လခ နှစ်(၅၀) အတွက် ကြိုပေးခြင်းခံရသူ

ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် ဒဲနစ်စ်ဒီဒီရော့(တ်)(၁၇၁၃-၁၇၈၄) အားရုရှားဘုရင်မကြီး မဟာကတ်သရင်း (၁၇၂၉-၁၇၉၆) က စာကြည်တိုက်မှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊ နှစ်(၅၀)အတွက် လခ ကိုကြိုပေးထားခဲ့သည်။ သို့သော် ဒီဒီရော့(တ်) သည် လုပ်သက် (၁၉)နှစ်အကြာ၌ ကွယ် လွန်အနိစ္စရောက်ခဲ့သည်။

မှတ်ဥာဏ်ကောင်းသည့် အင်္ဂလိပ်ဘုရင်

တတိယမြောက် ဂျော့ဘုရင်(၁၇၃၈-၁၈၂၀)သည် အလွန်မှတ်ဥာဏ်ကောင်းသူဖြစ်သည်။ သူသည် ဗြိတိသျှရေတပ်မတော်မှ အရာရှိ(၄ ၅၀၀)၏ တစ်ဦးချင်းအား အမည်ရောမျက်နှာပါ မှတ်မိနေခဲ့ပြီး၊မည်သည့် အရာရှိအား မည်သည် သင်္ဘော၌ တာဝန်ချထားပေးသည်ဆိုသည် ကိုပါ မှတ်မိနေသည်။

Friday, September 14, 2012

မြန်မာခေတ်ပေါ်သီချင်းများ နားဆင်ချင်သူများအတွက် ၀င်ရောက်ဒေါင်းနိုင်ပါသည်

Most Visted Musicians

မြန်မာ ခေတ်ပေါ်သီချင်းများ နားဆင်ချင်သူများအတွက် ၀င်ရောက်ဒေါင်းနိုင်ပါသည်

Friday, September 7, 2012

သွေးဗေဒင်

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက် သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်.. အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်... အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်.. ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်.. ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်... " B "သွေးပိုင်ရှင်များ ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ် ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ... ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ် ကျန်ရှိနေသေးတဲ့ သွေးအမျိုးအစားများ အကြောင်းကိုလည်း ဆက်လက် ဖော်ပြသွားပါမည်.. " O " သွေးပိုင်ရှင်များ ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်... အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့... အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ... ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်.... " AB "သွေးပိုင်ရှင်များ.. အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့... မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...

ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

http://www.myanmarnewszone.com/horoscope.html မှ ကူးယူဖော်ပြသည်

မိန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
လိုလားချက်၊ ရည်ရွယ်ချက်မှန်သမျှ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ လုပ်ငန်းဘဝတိုးတက်မည်။ လုပ်ငန်းခွင်မှသူများ အဆင့်မြင့်တာဝန်ယူရမည်။ အများနှင့် ပူးတွဲဆောင်ရွက်သောကိစ္စများမှ ထူးခြားသောတိုးတက်မှုများ ရရှိမည်။ မိမိကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း အလုပ်တိုးတက်ခြင်း ရှိမည်။ လုပ်ငန်းရှာဖွေ စောင့်စားနေသောသူများအဖို့ ကောင်းသောအလုပ်၊ ခိုင်မာသော အနေအထားများ ရရှိအဆင်ပြေမည်။ ပုံမှန်ထက်မြင့်သော ငွေကြေးဝင်ခြင်းနှင့် လာဘ်လာဘတိုးပွားခြင်းများ ရှိမည်။

အပြည့်အစုံသို့...

ကုမ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
ဆောင်ရွက်ဆုံးဖြတ်မှု မမှန်သမျှ အထူးသတိရှိရမည်။ အမှားအယွင်းများ တစ်မျိုးပြီးတစ်မျိုး ဖြစ်တတ်သည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ လုပ်ကိုင်နေသောလုပ်ငန်းများ ရုတ်တရက်ဆိုင်းငံ့ရပ်တန့်သွားမည်။ ပြဿနာ တစ်ခုပြီး တစ်ခု ရင်ဆိုင်ဖြေရှင်းရမည်။ ဥပဒေနှင့် မကင်းသောကိစ္စမှန်သမျှ ရှောင်ပါ။ အမှုအခင်းကြီးများ ကြုံတတ်သည်။ ခိုက်ရန်ဖြစ်ပွားမှုများ ရှောင်ပါ။ မတော်တဆ ထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပါ။ သွေးစက်လွှမ်းမိုးသောကာလ ဖြစ်သည်။ နာမည်သိက္ခာထိခိုက်အောင် ဆောင်ရွက်သူများနှင့် ကြုံမည်။

အပြည့်အစုံသို့...

မကာရရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
မတော်တဆ ထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ ကျန်းမာရေးချူချာမည်။ မိဘ၊ မိသားစုကျန်းမာရေး အညံ့ရှိသည်။ ပြဿနာ အခက်အခဲများ တစ်မျိုးပြီးတစ်မျိုး ကိုင်တွယ်ဖြေရှင်းရမည်။ အလုပ်ပို၊ ကိစ္စပိုများ ကြုံမည်။ စကားအရှုပ်အထွေးများကြား ဝင်ရောက်ပတ်သက်ရတတ်သည်။ မှတ်ပုံတင်မှအစ အခြားအရေးကြီးသော စာရွက်စာတမ်းများ တစ်ပါးသူသို့ လက်လွှဲမပေးရ။ ပျောက်တတ်သည်။ ဝယ်ယူသော ပစ္စည်းအတွက် ကြိုတင်ငွေပေးခြင်းမပြုရ။ ဆုံးတတ်သည်။ မပြီးမြောက်သေးသောကိစ္စအား ကြေညာပြောဆိုခြင်း မပြုရ။ အပြိုင်ပေါ်မည်။ လက်ဝယ်မရသေးသော ငွေကို တွက်ဆ၍ ကြိုတင်ငွေ သုံးစွဲခြင်း မပြုရ။

အပြည့်အစုံသို့...

ဓနုရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
အလုပ်စီးပွားတိုးတက်ခြင်း၊ ရည်ရွယ်ချက်အောင်မြင်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းများ ဖြစ်ပေါ်မည်။ ရာထူးအဆင့်တိုးတက်ခြင်း၊ ဝင်ငွေတိုးပွားခြင်း ကြုံမည်။ ဆုံးဖြတ်ဆောင်ရွက်သော ကိစ္စမှန်သမျှမှ ကောင်းသောအကျိုးဆက် ရရှိမည်။ ကိုယ်ပိုင်မူကို အခြေတည်၍ ရှေ့တိုးဆောင်ရွက်ခြင်းများမှ ထူးခြားသော တိုးတက်မှု အခွင့်အရေးများ ဖြစ်ပေါ်မည်။ ပညာအတတ်နှင့် ပတ်သက်သော အကျိုးကောင်း ရမည်။ တစ်ပါးသူမဆိုထားဘိ ကိုယ်တိုင်ပင် မထင်မှတ်ထားသော အောင်မြင်မှုနှင့် တိုးတက်မှုများ စနစ်တကျပေါ်ပေါက်လာမည်။

အပြည့်အစုံသို့...

ဗြိစ္ဆာရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
လမ်းသစ်ထွင်၍ လုပ်ကိုင်သောကိစ္စများ အောင်မြင်မည်။ ပြဿနာအခက်အခဲများ တစ်မျိုးပြီး တစ်မျိုး တွေ့ရတတ်သည်။ လူယုံဒုက္ခပေးတတ်သည်။ မည်မျှ အေးချမ်းစွာနေစေ ပြဿနာများ တစ်မျိုးပြီး တစ်မျိုး ဝင်လာတတ်သည်။ အပူသောကကြီးသူများ၊ အလောတကြီး ဆောင်ရွက်လိုသူများ ရုံးရောက်၊ ဂါတ်ရောက်ရောက်နေသူများကို ကိုယ့်ထံတစ်ဦးပြီး တစ်ဦး ရောက်လာတတ်သည်။ ရှင်းအောင်နေလေ အရှုပ်အထွေးနှင့် ကြုံရလေဖြစ်မည်။ စာရွက်စာတမ်းကိစ္စများ စကားပြောဖြေရှင်းရမည်။ ရန်များမည်။

အပြည့်အစုံသို့...

ဆရာ စံဇာဏီဘို ၏ ၁၂ ရာသီဟောကိန်းများ ( ၂၀၁၂ )

ဗေဒင်ဝါသနာပါသောသူငယ်ချင်းများအတွက်ပါ ။ဖတ်လိုရပါတယ်။ဒေါင်လိုလည်းရတယ်။
Download PDF
 လေးတွေကိုနိပ်ပါ။တခါမှာ မေးလိပ်စာတွေပါတယ်။
ဆက်နိပ်ပါ။ဒေါင်းလိုရပါတယ်။
ကိုယ့်ရာသီခွင်ကိုသေချာရွေးပါ။ရက်တွေပါပါတယ်။ 

wahgyi
ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၂ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း ။





အိပ်ဆောင် ဗေဒင် စာအုပ် ။




Aries

March 21 - April 19
Download PDF




Taurus

April 20 - May 20
Download PDF




Gemini

May 21 - June 20
Download PDF




Cancer

June 21 - July 22
Download PDF




Leo

July 23 -
August 22
Download PDF




Virgo

August 23 -
September 22
Download PDF




Libra

September 23 -
October 22
Download PDF



Scorpio

October 23 -
November 21
Download PDF




Sagittarius

November 22 -
December 21
Download PDF




Capricorn

December 22 -
January 19
Download PDF




Aqaurius

January 20 -
February 18
Download PDF




Pisces

February 19 -
March 20
Download PDF

အာဠာဝကဘီးလူး ဘုရားရှင်အားမေးသော မေးခွန်း(၄)ခု

၁။ လောက၌ရှိသောအရာတို့တွင်   
    အမြတ်ဆုံးသောရတနာသည်အဘယ်အရာ ဖြစ်ပါသနည်း။ ၂။ လေ့ကျက်ခြင်းတကာတို့တွင်  
    အဘယ်မည်သောအလေ့အကျက်သည်ချမ်းသာကို 
    ဆောင်ပေးပါသနည်း။ 
၃။ အရသာတို့တွင် 
    အဘယ်အရာသည်အကောင်းဆုံးသော အရသာဖြစ်သနည်း။ 
၎။ အသက်မွေးခြင်းတို့တွင်
    အဘယ်ကဲ့သို့သော အသက်မွေးခြင်းသည်အမြတ်ဆုံး
    ဖြစ်မည်နည်း။ 
    အထက်ပါ စိတ်ဝင်စားစရာ မှတ်သားစရာ   
    လိုက်နာကျင့်သုံးစရာကောင်းသော 
    ပုစ္ဆာ(၄)မျိုးကို  
   အာဠာဝကဘီးလူးမင်းသည်မြတ်စွာဘုရားကို လျှောက်ထား
   ခဲ့ပေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က 
၁။ ရတနာ(၃)ပါးကို ယုံကြည်လေးစားမြတ်နိုးကြည်ညိုခြင်းသည်  
    အမြတ်ဆုံးသော ရတနာ ဖြစ်ပေသည်။ ၂။ လေ့ကျက်ခြင်းတကာတို့တွင်ကုသိုလ်ကမ္မပထတရား(၁၀)ပါးကို
    လေ့ကျက် ခြင်းသည်ချမ်းသာကို ဆောင်ပေးပါသည်။
    ၎င်း(၁၀)ပါးမှာ 
    (က)  ဒါန-စိတ်ထားဖြူစင်စေတနာကောင်းစွာ နှမြောမှုမရှိဘဲ 
            လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။ 
    ( ခ ) သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ကောင်းမွန်မှန်ကန်သော  
            အကျင့်ရှိခြင်း။ 
    ( ဂ ) ဘာဝနာ-သမထ, ၀ိပဿနာဘာဝနာ(၂)ပါးကို 
            လေ့လာပွားများခြင်း။  
    (ဃ)  အပစာယန-ရတနာသုံးပါးဆရာသမား မိဘတို့ကို 
            ရိုသေလေးစားခြင်း။ 
    ( င ) ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သော ပွဲများ၌တက်နိုင်သည့် 
            ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ်သွယ်ကို 
            ပြုလုပ်ပေးခြင်း။ 
    ( စ ) ပတ္တိဒါန-မိမိပြုလုပ်ထားသောကုသိုလ်များကို ကိုယ်ပိုင် 
           အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအား 
           အမျှဝေပေးခြင်း။ 
    (ဆ) ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သောကောင်းမှုများကို 
           ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။ 
    ( ဇ ) ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏တရားများကို နာယူမှတ်သားခြင်း။ 
    ( ဈ ) ဓမ္မဒေသနာ-မိမိတက်သိသလောက်မြတ်ဗုဒ္ဓ၏
            တရားများကို အများအား ဖြန့်ဝေ ဟောကြားပေးခြင်း။ 
    (ည)  ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်းကောင်းမွန်သော 
            အယူဝါဒ ယုံကြည်ချက်ရှိခြင်း။  
          အထက်ပါ(၁၀)ပါးသောကောင်းမှုများသည်လူနတ်နိဗ္ဗာန်   
          သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်
          ပေးသောကြောင့်ကောင်းမွန်သောသုစရိုက် တရားဟု   
          လည်းကောင်း၊ ကုသလကမ္မပထတရားဟု 
          ခေါ်ဆိုကြပေသည်။ 
၃။ အရသာတကာတို့တွင်မှန်ကန်ဖြောင့်မတ်သော စကားကို
    ပြောဆိုခြင်းသည် အမြတ်ဆုံး အရသာ ဖြစ်ပါသည်။ 
၎။ အသက်မွေးခြင်းတကာတို့တွင်ကောင်းမွန်မှန်ကန်သော  
    ပညာဖြင့် အသက် မွေးခြင်းသည် အမြတ်ဆုံးဖြစ်ပေသည်။  
    အထက်ပါ အမေးအဖြေများသည်လူသားတိုင်းအတွက် 
    အသုံးဝင်ပြီး လိုက်နာကျင့်သုံးသင့်သောအမေးအဖြေများ
    ဖြစ်ပေသည်။အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် 
    အာဠာဝကဘီးလူးမင်းကြီးမေးခဲ့သော အမေးနှင့်မြတ်ဗုဒ္ဓ
    ဖြေကြား ပေးခဲ့သော အမေးအဖြေများကို အမှန်တကယ်
    သိမြင်ပြီးလိုက်နာကျင့်သုံးမည်ဆိုလျှင်မျက်မှောက်ရော
    နောက်ဘ၀များမှာပါ ကောင်းကျိုးသုခများခံစားရ၍   
    ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရမည့်အပြင်  
    ချမ်းသာတကာတို့တွင်အချမ်းသာဆုံးဖြစ်ပြီး အမြတ်တကာ
    တို့တွင်အမြတ်ဆုံးဖြစ်သော ရောက်နိုင်ရနိုင်ခဲလှသော
    မြတ်နိဗ္ဗာန်ကို ရောက်ရှိခံစားရပေလိမ့်မည်။

Friday, August 31, 2012

မြန်မာ ဘလော့ဂါများ အတွက် ဘလော့ လုံခြုံရေးသတိပြုဖွယ်heinlinhtun-ourdreams မှ တဆင့်ကူးယူဖော်ပြသည်

နိုင်ငံကျော် အဖျက် ဟက်ကာအဖွဲ့ BHG ကြီးပေါ်လာပြီးနောက်ပိုင်းမှာ အီးမေးလ် အကောင့် များပျောက်ဆုံးခြင်းနဲ့ ဆိုက်များအဟက်ခံရခြင်းများ ဆက်တိုက်ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်...။ ဒီပို့စ်လေးကိုတင်ရခြင်းရည်ရွယ်ချက်ကလည်း မြန်မာဘလော့ဂါများမိမိတို့ ဘလော့ကို လုံခြုံအောင် မည်သို့မည်ပုံ လိုက်နာ ရမယ် ဆိုတာကို ပြောပြချင်တာပါ..။ (ကျွန်တော်သည် ဟက်ကာတစ်ဦးမဟုတ်ပါ.မည်သည့်မြန်မာ ၀က်ဘ်ဆိုက် တစ်ခုကိုမှလည်း ဖျက်ဆီးခဲ့ခြင်းမရှိဘူးပါ.. လေ့လာ ထားသမျှဖြင့် မျှဝေပေးခြင်းဖြစ်ပါသည်..။အမှားများတွေ့ရှိပါက ဖြည့်စွက်ပေးကြပါရန်..) ပထမဆုံးပြောချင်တာ က ဘယ်လို အဟက်ခံရတယ်ဆိုတာကိုပြချင်တာ ဖြစ်ပါတယ်..။ ပထမဆုံးကျွန်တော်လေ့လာမိ သလောက်ဆိုက်များ .။ အထူးသဖြင့် ဘလော့ ဂါ မှ တင်ထားသော ဘလော့ဆိုက်များ အဖောက်ခံရခြင်း နဲ့ Deface အလုပ်ခံရခြင်း အကြောင်းကိုပြောပြမှာဖြစ်ပါတယ်..။ များသောအားဖြင့် ကျွန်တော်တို့ ဘလော့ဂါ အများစုဟာ မိမိ တို့ရဲ့ GMail ဖြင့်သာဘလော့ အကောင့်ကိုထိန်းချုပ်ထားကြခြင်း ဖြစ်ပါတယ်..။ ဆိုလိုချင်တာက အဲဒီဘလော့ရဲ့ Administration ဟာ အဲဒီ Gmail ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်..။ ဒီတော့ ပထမဆုံးလုံခြုံအောင် ထိန်းသိမ်းရမှာက မိမိရဲ့ Gmail အကောင့် ကိုဖြစ်ပါတယ်..။ Hacking သို့မဟုတ် Password ခိုးယူခံရခြင်း က ဘယ်လို ခိုးခံရတာလဲ ဘယ်လိုခိုးသွားတာလဲ ဆိုတာသိအောင် အရင်ပြောပြပါမယ်..။ အခု တစ်လောဂျီမေးလ်ပျောက်ဆုံး မှုများ က Phishing နည်းလမ်းလို့ခေါ်တဲ့ Gmail Log in Page အတုနဲ့ခိုးယူတဲ့ နည်းလမ်းနဲ့ဖြစ်တာ များပါတယ်... မေးလ်တော်တော် များများ က ဂျီမေးလ်လောက် လုံခြုံမှု မကောင်းကြတဲ့အတွက် ဒီနည်းလမ်းကို သုံးရခြင်းဖြစ်ပါတယ်..။ ကိုယ့်ဆီကို လင့်ခ်တစ်ခုရောက်လာမယ်..။ အဲဒီလင့်ခ်မှာလည်း မိမိမက်လောက်မယ့် စိတ်ဝင်စားမယ့်မက်လုံး တစ်ခုပေးထားပါလိမ့်မယ်..။အဲဒီလင့်ခ်ကိုဝင်လိုက်မိတာနဲ့ သူက Gmail Login Page တစ်ခုကိုပေးပါလိမ့်မယ် ..။ဒါပေမယ့် အဲဒီ Page က အစစ်မဟုတ်ပါဘူး..။ စာဖတ်သူတို့ ၀င်လိုက်မယ့် User name နဲ့ Password ကို Php ဖိုင်တစ်ခု ကနေပြီး သူတို့ရဲ့Txt ဖိုင်တစ်ခု လိုမျိုး Data baseတစ်ခုခု ထဲကိုညွှန်းပေးထားပါလိမ့်မယ်..။စာဖတ်သူတို့က ၀င်လိုက်ပြီဆိုတာနဲ့ User Name နဲ့ပတ်စ်ဝက်ကသူတို့ လက်ထဲကိုရောက်ပြီးသားဖြစ်ပါတယ်..။ အဲဒီအကြောင်းကို ကျွန်တော့်ဘလော့မှာလည်းတင်ထားပေးပါတယ်..။ အဲဒါလိုနည်းလမ်းနဲ့ ဂျီမေးလ်ပတ်စ်ဝက်ကတစ်ဆင့် သူငယ်ချင်းတို့ရဲ့ဘလော့ကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်...။ဒါက တစ်နည်းပါ..။ သူက တော့ အဆင့်နိမ့် တဲ့အဆင့်မရှိတဲ့သူတွေသုံးတာလို့ပြောလို့ရပါတယ်..။ နောက်တစ်နည်းက တော့ တော်တော်ကို အဆင့်မြင့်ပြီး တကယ့် hacker တွေသုံးတဲ့နည်းပါ..။ (BHG ကသုံးတယ်လို့တော့ ပြောပါတယ်..။ (Sql Injection လို့ခေါ်ပါတယ်...။ ဒီနည်းလမ်းကိုသုံးဖို့ အဆင့် ၇ ဆင့်ရှိပါတယ်.. (အချို့ဆရာတွေက ၅ ဆင့်ပဲပြောပါ တယ်အချို့ကလည်း ၉ ဆင့်အထိပြောပါတယ်..။ ) ဒီနည်းလမ်းကိုသုံးဖို့အတွက် ဂူဂဲလ်ရဲ့ Password encrypting system ကိုသိရပါ မယ်..။ ဂူဂဲလ်မှာ သူငယ်ချင်းတို့ ပေးထားတဲ့ password ကို Encrypt လုပ်ပြီး 32 လုံး အဖြစ် Database မှာမှတ်သားသိမ်းဆည်း ထားလေ့ရှိပါတယ်..။ တကယ်တမ်း Sql injection ဆိုတာကိုယ် က Database ရေးသားသူ ရဲ့ချို့ယွင်းချက် တစ်ခုခု ကိုရှာဖွေပြီး အပေါက်ရှာကာinject (ထိုးသွင်း)တဲ့ နည်းလမ်းပါပဲ..။ ဘာကို ထိုးသွင်းတာလဲ ဆိုတော့ Sql Script Code တွေကို သွင်းလိုက်တာပါ..။ (အဲဒီအဆင့်တွေကိုတော့ နားရှုပ်သွားမှာစိုးလို့ မဖော်ပြတော့ပါဘူး..။)အစိုးရအသိအမှတ်ပြု ဟက်ကာတစ်ယောက်အနေနဲ့ သတိပေး တဲ့အဆင့် ဥပမာ ပြောရရင် Deface အဆင့် က နေ မပိုပါဘူး..။ တကယ်လို့ နာမည်ကြီးချင်လို့ပဲဖြစ်ဖြစ် ယုတ်ညံ့တဲ့ စိတ်ထားရှိလို့ပဲဖြစ် ဖြစ် Data base ကိုပါဖျက်ဆီး သွားရင်တော့ ဒီကောင်က Black Hat ဖြစ်သွားပါပြီ..။ Hacker တစ်ယောက်အနေနဲ့ ဒီလိုလူတွေဟာ နိုင်ငံတကာက ရာဇ၀တ်မှုသတ်မှတ်ထားခြင်းခံရတဲ့ ရာဇ၀တ်ကောင်တွေဖြစ်ပါတယ်..။ ပြီးရင်ဟက်တဲ့သူ အနေနဲ့ ခြေရာဖျောက်ရပါ တယ်..။ (ဟက်ကင်းအဆင့်မှာလည်း ခြေရာဖျောက် တဲ့အဆင့်က နောက်ဆုံးအဆင့်ဖြစ်ပါတယ်..။) ဒီနေရာမှာ တစ်ခု ပြောဖို့ကျန်ခဲ့တာက Back Door ချခဲ့တဲ့အကြောင်းပါ..။ တကယ်လို့ BackDoor ချခြင်းခံရတဲ့ ဆိုက်တစ်ခုဟာ Admin လုပ်သူမှ မည်သို့ပင် password ပြောင်း ပါစေ ..။ အဲဒီ Back Door အပေါက်ကနေ ပြန်လည်ဝင်ရောက်ပြီး မိမိနှစ်သက်တဲ့အချိန်မှာ လုပ်ချင်ရာလုပ်လို့ရနေပါပြီ..။ လုပ်ချင်ရာလုပ် တယ်ဆိုတဲ့နေရာမှာ Login ၀င်တဲ့သူတွေရဲ့ Password ကိုပဲခိုးမလား..။ D Dos တိုက်တဲ့အခါမှာပဲ လက်ဝေခံကွန်ပျူတာ အဖြစ်သုံးမလား ဆိုတာကိုပြောတာပါခင်ဗျ..။ ကဲ ပြောရင်းနဲ့လည်း လမ်းကြောင်းတွေလွဲကုန်ပါပြီ..။ ဒီလို ဟက်ခံရခြင်းကလည်း တစ်မျိုးပေါ့ခင်ဗျာ..။ နောက်တစ်မျိုးက Theme ကပေါက်တာပါ..။ အဲဒါက တော့ Download ချလို့ရတဲ့ Blog Theme တွေကတစ်ဆင့်ပေါက်တာပါ.. (ကိုညီနေမင်းဆိုက်လည်း ဒီလိုပေါက်တာလို့ယူဆရပါတယ်..။) ကဲ အဓိက အချက်လေးတွေပြောပါ့မယ်..။ မြန်မာဘလော့ဂါများအနေနဲ့ မိမိ တို့ဘလော့တွေနဲ့ အဖိုးတန်လှတဲ့ ပို့စ်တွေကို မပျောက်ပျက်ရလေအောင်.. အောက်ပါ အတိုင်းလုပ်ဆောင်ကြပါလို့ စေတနာ နဲ့တိုက်တွန်းလိုပါတယ်..။ ၁) မိမိတို့ ဘလော့ကိုဝင်တဲ့ Gmail account ကိုသီးသန့်ထားပါ..။ တစ်ခြား Site တွေကိုဝင်တဲ့ အကောင့်နဲ့မတူပါစေနဲ့..။ မေးလ်အ၀င်အထွက် မရှိတာ အကောင်းဆုံးပါပဲ..။ ၂) Blogger မှ Issue ပေးသော Theme ကိုသာ ကိုယ့်ဖာသာ လန်းအောင်ပြင်ပြီးသုံးတာ အကောင်းဆုံးပါ..။ (ကျွန်တော့်ဘလော့ကိုတော့ လာကြည့်ပြီး သူကျတော့ လုပ်ထားပြီးတော့လို့တော့မပြောကြပါနဲ့နော်..။ ကျွန်တော်က တစ်ခါခံရပြီးပါပြီ..။ အမှတ်မရှိတဲ့နေရာမှာ နံပါတ်တစ်ပါ.. :P.ထပ်ပြီပြောချင်တာက ဟုတ်ကဲ့ BHG ရဲ့မဟာရန်သူတော်ကြီး Myanmarexpress ကို ခုထိ ဘာမှ လုပ်လို့မရသေးတာ သူက issue theme ကိုသုံးထားလို့လို့ယူဆရပါတယ်.။ ၃) မိမိ တို့ရဲ့ ဘလော့ကို Export Blog ကနေ Back Up လုပ်ထားပါ.. ဖြစ်နိုင်ရင် သုံးရက်တစ်ခါ တစ်ပတ်တစ်ခါလောက်လုပ်ပေးတာ ပိုကောင်းပါတယ်..။