ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Friday, September 7, 2012

ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

http://www.myanmarnewszone.com/horoscope.html မှ ကူးယူဖော်ပြသည်

မိန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
လိုလားချက်၊ ရည်ရွယ်ချက်မှန်သမျှ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ လုပ်ငန်းဘဝတိုးတက်မည်။ လုပ်ငန်းခွင်မှသူများ အဆင့်မြင့်တာဝန်ယူရမည်။ အများနှင့် ပူးတွဲဆောင်ရွက်သောကိစ္စများမှ ထူးခြားသောတိုးတက်မှုများ ရရှိမည်။ မိမိကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း အလုပ်တိုးတက်ခြင်း ရှိမည်။ လုပ်ငန်းရှာဖွေ စောင့်စားနေသောသူများအဖို့ ကောင်းသောအလုပ်၊ ခိုင်မာသော အနေအထားများ ရရှိအဆင်ပြေမည်။ ပုံမှန်ထက်မြင့်သော ငွေကြေးဝင်ခြင်းနှင့် လာဘ်လာဘတိုးပွားခြင်းများ ရှိမည်။

အပြည့်အစုံသို့...

ကုမ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
ဆောင်ရွက်ဆုံးဖြတ်မှု မမှန်သမျှ အထူးသတိရှိရမည်။ အမှားအယွင်းများ တစ်မျိုးပြီးတစ်မျိုး ဖြစ်တတ်သည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ လုပ်ကိုင်နေသောလုပ်ငန်းများ ရုတ်တရက်ဆိုင်းငံ့ရပ်တန့်သွားမည်။ ပြဿနာ တစ်ခုပြီး တစ်ခု ရင်ဆိုင်ဖြေရှင်းရမည်။ ဥပဒေနှင့် မကင်းသောကိစ္စမှန်သမျှ ရှောင်ပါ။ အမှုအခင်းကြီးများ ကြုံတတ်သည်။ ခိုက်ရန်ဖြစ်ပွားမှုများ ရှောင်ပါ။ မတော်တဆ ထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပါ။ သွေးစက်လွှမ်းမိုးသောကာလ ဖြစ်သည်။ နာမည်သိက္ခာထိခိုက်အောင် ဆောင်ရွက်သူများနှင့် ကြုံမည်။

အပြည့်အစုံသို့...

မကာရရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
မတော်တဆ ထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ ကျန်းမာရေးချူချာမည်။ မိဘ၊ မိသားစုကျန်းမာရေး အညံ့ရှိသည်။ ပြဿနာ အခက်အခဲများ တစ်မျိုးပြီးတစ်မျိုး ကိုင်တွယ်ဖြေရှင်းရမည်။ အလုပ်ပို၊ ကိစ္စပိုများ ကြုံမည်။ စကားအရှုပ်အထွေးများကြား ဝင်ရောက်ပတ်သက်ရတတ်သည်။ မှတ်ပုံတင်မှအစ အခြားအရေးကြီးသော စာရွက်စာတမ်းများ တစ်ပါးသူသို့ လက်လွှဲမပေးရ။ ပျောက်တတ်သည်။ ဝယ်ယူသော ပစ္စည်းအတွက် ကြိုတင်ငွေပေးခြင်းမပြုရ။ ဆုံးတတ်သည်။ မပြီးမြောက်သေးသောကိစ္စအား ကြေညာပြောဆိုခြင်း မပြုရ။ အပြိုင်ပေါ်မည်။ လက်ဝယ်မရသေးသော ငွေကို တွက်ဆ၍ ကြိုတင်ငွေ သုံးစွဲခြင်း မပြုရ။

အပြည့်အစုံသို့...

ဓနုရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
အလုပ်စီးပွားတိုးတက်ခြင်း၊ ရည်ရွယ်ချက်အောင်မြင်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းများ ဖြစ်ပေါ်မည်။ ရာထူးအဆင့်တိုးတက်ခြင်း၊ ဝင်ငွေတိုးပွားခြင်း ကြုံမည်။ ဆုံးဖြတ်ဆောင်ရွက်သော ကိစ္စမှန်သမျှမှ ကောင်းသောအကျိုးဆက် ရရှိမည်။ ကိုယ်ပိုင်မူကို အခြေတည်၍ ရှေ့တိုးဆောင်ရွက်ခြင်းများမှ ထူးခြားသော တိုးတက်မှု အခွင့်အရေးများ ဖြစ်ပေါ်မည်။ ပညာအတတ်နှင့် ပတ်သက်သော အကျိုးကောင်း ရမည်။ တစ်ပါးသူမဆိုထားဘိ ကိုယ်တိုင်ပင် မထင်မှတ်ထားသော အောင်မြင်မှုနှင့် တိုးတက်မှုများ စနစ်တကျပေါ်ပေါက်လာမည်။

အပြည့်အစုံသို့...

ဗြိစ္ဆာရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ဟောစာတမ်း

Sept 2nd မှ Sept 8th ကြား
လမ်းသစ်ထွင်၍ လုပ်ကိုင်သောကိစ္စများ အောင်မြင်မည်။ ပြဿနာအခက်အခဲများ တစ်မျိုးပြီး တစ်မျိုး တွေ့ရတတ်သည်။ လူယုံဒုက္ခပေးတတ်သည်။ မည်မျှ အေးချမ်းစွာနေစေ ပြဿနာများ တစ်မျိုးပြီး တစ်မျိုး ဝင်လာတတ်သည်။ အပူသောကကြီးသူများ၊ အလောတကြီး ဆောင်ရွက်လိုသူများ ရုံးရောက်၊ ဂါတ်ရောက်ရောက်နေသူများကို ကိုယ့်ထံတစ်ဦးပြီး တစ်ဦး ရောက်လာတတ်သည်။ ရှင်းအောင်နေလေ အရှုပ်အထွေးနှင့် ကြုံရလေဖြစ်မည်။ စာရွက်စာတမ်းကိစ္စများ စကားပြောဖြေရှင်းရမည်။ ရန်များမည်။

အပြည့်အစုံသို့...

No comments:

Post a Comment