ဟိုတုန်းကဖဲအရမ်းကစားတဲ့ဦးလေးတယောက်ရှိတရ်တဲ့ .
တနေ့တော့ဖဲသွားကစားဖို့အဖော်မရှိဖြစ်နေတရ်တဲ့ အဲဒါနဲ့သူ့ရဲ့သားလေးကိုပုခုံးပေါ်တင်ပြီး ဟိုဘက်ရွာကိုဖဲသွားရိုက်ပါလေ......ရော အမှတ်မထင် လမ်းဘေးက
မြောင်းဘေးမှာတက်နေတဲ့ဖွတ်ကြီးကို သူ့ရဲသားလေးကမြင်ပါလေရော.......
အဲဒါနဲ့သားလေးက ကလေးဆိုတဲ့အတိုင်း ပေါ့(ဟာဖေကြီးဖေကြီး...ဟိုမှာဖွတ်ကြီးဗျလို့
အံသြသင့်စွာပြောလိုက်မိတ၇်.....)အဲဒီမှာအဖေကဘာပြောလဲ
ထင်နေလဲ ဘယ်မှာလဲကွသား အဲဒီမှာသားကလက်လက်နဲ့ညွန်ပြလိုက်တရ်......
အဖေကဟားဟား.....သယ်ရယ်မင်အဲဒီလောက်တုန်းရလားကွ
(ဘာဖြစ်လို့လဲအဖေရ) အဲဒါဖွတ်ကောင်မဟုတ်ဘူးကွ
လဒ်ကောင်ကွ နောက်မှတ်ထားနော်.....(ဟုတ်ဖေကြီး
သားမှတ်ထားမယ်နော်...ပြောလိုက်သည်.)
အဖေကဖဲဝိုင်းရှိရာသို့ ခြေလှမ်းတွေအရှိမ်မြင့်ပြီး သွားလေ....တော့သည်
အဲဒီလိုနဲ့သားကိုဘေးမှာထားပြီးဖဲကစားရာ အရှုံးကြီးရှံးပါလေ.တော့သည်
ဒီလိုနဲ့စိတ်ပျက်စွာနဲ့ သားလေးကိုကုခုံးပေါ်တင်ပြီး
လာလမ်းအတိုင်းပြန်ခဲ့လေ.သည် အယ် တွေပြန်ပြီခုနအကောင်ကြီးပဲ
(ဟာဖေကြီးဖေကြီး ဟိုမှာလဒ်ကောင်ကြီးသွားသေးဘူးဗျ ရှိသေးတရ်ဖေကြီး)
အဖေကစိတ်ပျက်စွာနဲ့........အော်သားရယ်
ဖွတ်ကဖွတ်ပါပဲသားရယ် ဘယ်တော့မှလဒ်ကောင်ဖြစ်မလာပါဘူးကွာလို့ပြော
လိုက်သတဲ့ ဟာဖေကြီးကလည်းအခုတမျိုးတော်ကြာတမျိုးနဲ့ နော်......
တကယ်တော့ ဒီစာသားလေးက ရီစရာဟာသလေးပါ သင်ခန်းစာလည်း
ယူလို့ရတရ်လေ......သေချာစဉ်းစားကြည့်ရင် လွယ်လွယ်လေးပါ
အားလုံးကရှေ့လျှောက်သွားရမဲ့ လမ်းအတွက် ချောမွေ့ချင်ကြတဲ့သူတွေပါချည်ပဲ
စားလုံးလှလှလေးတွေသုံးချင်တာပေါ့ ကောင်မလေးတွေကိုကောင်လေးတွေက ချစ်ရေးဆိုရင်လည်းဒီလိုပဲပြောကြမှာပဲမဟုတ်လား.......
အပြောကောင်းရင်ကောင်းတဲ့နောက်ပါသွားကြတာပဲမဟုတ်လား...
ဒါပေမဲ့ အားလုံးက .......တော့
ကျွန်တော်ကြိုးစားလိုက်ပါအုန်းမယ်ဗျာ........
ခိုင်လင်းဇော်.(သာယာဝတီ)ထံမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မူရင်းအတိုင်းပါဘဲ
ကြိုဆိုပါတယ်
Showing posts with label ဟာသ_Epigram. Show all posts
Showing posts with label ဟာသ_Epigram. Show all posts
Friday, August 24, 2012
Thursday, August 23, 2012
ပိုင်လိုက်တဲ့ အကြံ
လမ်းဆုံမှာ ကားနှစ်စီးတိုက်မိသွားတာကြောင့် ကားမောင်းသူအမျိုးသား နှစ်ဦး ကားထဲကနေ ထွက်လာကြပါတယ်။
ပထမလူက "ခင်ဗျားအကြောက်ပြေသွားအောင် တစ်ငုံလောက်သောက် လိုက်ပါဗျာ"လို့ ပြောပြီး သူ့အိတ်ထဲက ၀ီစကီပုလင်းလေး ထုတ်ပေးလိုက် ပါတယ်။
ဒုတိယလူက ပထမလူပေးတဲ့ ၀ီစကီ ကို တစ်ကျိုက်လောက် မော့လိုက်ပြီး "ကျေးဇူးပဲဗျာ။ ခင်ဗျားလည်း သောက်လိုက်ပါဦး"လို့ ပုလင်းပြန်ပေးရင်းနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။
အဲဒီအခါ ပထမလူက သူ့ပုလင်းကို ပြန်ယူလိုက်ပြီး ပြောလိုက်တာက
"အင်း ..ကိုယ်ကတော့ ရဲတွေနဲ့ တွေ့ ပြီးမှပဲ သောက်တော့မယ် .. ကိုယ့်လူ"တဲ့။
Ref : Myanmar Times

သားလေးကို သတိရလို့ပါကွယ်
လူရွယ်တစ်ဦးဟာ စူပါမားကက်ထဲမှာ
ဈေးဝယ်ထွက်နေတုန်း၊ သူ့နောက်ကနေ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးလိုက်လာ
တာကို သတိထားမိသွားပါတယ်။ ဈေးဝယ်လို့အပြီး ငွေရှင်းဖို့
ကောင်တာမှာတန်းစီတဲ့အခါမှာ စောစောက အမျိုးသမီးကြီးကို
သူ့ရှေ့မှာတန်းစီနေတာတွေ့ရပြန်ပါတယ်။
အပြည့်အစုံသို့... myanmar news zone မှ ကူးယူဖော်ပြပါသည်။
ကားမှားစီးမိပြီ
ညနက်ပိုင်းအချိန်မှာ အရက်မူးနေတဲ့
လူတစ်ယောက်ဟာ ဘတ်စ် ကားပေါ် သိုင်းကွက်နင်းကာ တက်လာပြီး အသက်ခပ်ကြီးကြီး
အမျိုးသမီးဘေးက ခုံလွတ်မှာ ၀င်ထိုင်လိုက်ပါတယ်။
အမျိုးသမီးကြီးက အရက်မူးနေတဲ့ အမျိုးသားကို ခြေဆုံးခေါင်းဆုံးကြည့် လိုက်ပြီး "မင်းတော့ ငရဲကို တန်းတန်းကို တန်းတန်းကြီးသွား နေတာပဲ"လို့ ပြောလိုက်ပါတယ်။
အဲဒီစကားကြားလိုက်တဲ့အခါ အရက်မူးသူက လန့်သွားကာ နေရာကနေ ချက်ချင်းခုန်ထလိုက်ပြီး
" ဟိုးဆရာ- ကားခဏရပ်ဦး။ ကျွန်တော် ကားမှားစီးမိပြီ"လို့ ထအော်လိုက်ပါတယ်။

myanmar news zone မှ ကူးယူဖော်ပြပါသည်။
သေချာမှတ်ထားပါတယ်
သူငယ်ချင်း နှစ်ယောက်ဟာ နေ့စဉ်လှေငှားပြီး ငါးမျှားထွက်ကြပါတယ်။
တစ်နေ့တော့ သူတို့ ငါးအကောင် ၃၀ လောက် ဖမ်းမိတာမို့ တစ်ယောက်က
နောက်တစ်ယောက်ကို "ငါးအများကြီးမိတဲ့ ဒီနေရာကို မှတ်ထားစမ်းပါ သူငယ်ချင်းရ။
နောက်နေ့ကျရင်လည်း ဒီနေရာ ကိုပဲ ထပ်လာကြရအောင်"လို့ပြောလိုက်ပါတယ်။
myanmar news zone မှ ကူးယူဖော်ပြပါသည်။
မေမေစားလိုက်ပြီ
ခြောက်နှစ်သားလေး တော်မီဟာ သူ့မှာ ညီလေး
(သို့မဟုတ်) ညီမလေး မကြာခင်ရတော့မယ်လို့ သူ့ရဲ့ဆရာမကို အမြဲတမ်း ပြောပြနေတာ
ရက်ပေါင်းတော်တော်ကြာနေပါပြီ။
တစ်နေ့တော့ သူ့အမေက တော်မီကို ဗိုက်ထဲကမမွေးသေးတဲ့ ကလေးလေးရဲ့လှုပ်ရှားမှုကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ခိုင်း လိုက်ပါတယ်။
အပြည့်အစုံသို့... တစ်နေ့တော့ သူ့အမေက တော်မီကို ဗိုက်ထဲကမမွေးသေးတဲ့ ကလေးလေးရဲ့လှုပ်ရှားမှုကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ခိုင်း လိုက်ပါတယ်။
myanmar news zone မှ ကူးယူဖော်ပြပါသည်။
Wednesday, August 22, 2012
ဒါလေးဖတ်ပြီး အသက်ရှည်ပါ..... (ဟာသ)
၁ ပြောင်းတော့မှာလား
"ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
ရုံးတက်နောက်ကျရတာလဲ"
"ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"
"ဘာဖြစ်လို့ အရက်သောက်တာလဲ"
"ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
နောက် မျိုချလိုက်တာပါပဲ"
"ထွေးပစ်လိုက်ပါလား"
"ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"
မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
"ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
"ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"
"ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
တင်ပြပါတော့မယ်ရှင်"
"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"
"ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"
ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
" ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
"အခုကော အနံ့ရသေးလားခင်ဗျ"
"ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
ရုံးတက်နောက်ကျရတာလဲ"
"ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"
၂ နှမြောလို့
အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။"ဘာဖြစ်လို့ အရက်သောက်တာလဲ"
"ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
နောက် မျိုချလိုက်တာပါပဲ"
"ထွေးပစ်လိုက်ပါလား"
"ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"
၃ အားကိုးအားထား
"အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
"ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
"ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"
၎ လက်ပါမှာစိုးလို့(အာဂျင်တီးနားဟာသ)
ရုပ်မြင်သံကြား အစီအစဉ် ကြေညာသူက ပြောသည်။"ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
တင်ပြပါတော့မယ်ရှင်"
၅ သူများဝန်ကို ဆက်ထမ်းနေရတယ်
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"
၆ သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။"ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"
၇ ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
" ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
"သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"
၈ လူသတ်သမား
တရားသူကြီးက တရားခံကို မေးသည်။"စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
"မှိုဟင်းကို မစားချင်လို့"
၉ တောင်းပန်တယ်
အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။"လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"
၁၀ အရက်နံ့
"ခင်ဗျားတို့ဆိုင်ရဲ့ စပယ်ရှယ် ၀က်နံရိုးကင်က ဘာဖြစ်လို့ အရက်နံ့ ရနေတာလဲ"စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
"အခုကော အနံ့ရသေးလားခင်ဗျ"
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။ ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
(ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက် ဟာသပဒေသာမှ)
တဆင့် စံပယ်ချိုမှ ကူးယူဖော်ပြ....................................................................................................................................
Subscribe to:
Posts (Atom)