ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Thursday, August 23, 2012

ပိုင်လိုက်တဲ့ အကြံ

လမ်းဆုံမှာ ကားနှစ်စီးတိုက်မိသွားတာကြောင့် ကားမောင်းသူအမျိုးသား နှစ်ဦး ကားထဲကနေ ထွက်လာကြပါတယ်။
ပထမလူက "ခင်ဗျားအကြောက်ပြေသွားအောင် တစ်ငုံလောက်သောက် လိုက်ပါဗျာ"လို့ ပြောပြီး သူ့အိတ်ထဲက ၀ီစကီပုလင်းလေး ထုတ်ပေးလိုက် ပါတယ်။
ဒုတိယလူက ပထမလူပေးတဲ့ ၀ီစကီ ကို တစ်ကျိုက်လောက် မော့လိုက်ပြီး "ကျေးဇူးပဲဗျာ။ ခင်ဗျားလည်း သောက်လိုက်ပါဦး"လို့ ပုလင်းပြန်ပေးရင်းနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။
အဲဒီအခါ ပထမလူက သူ့ပုလင်းကို ပြန်ယူလိုက်ပြီး ပြောလိုက်တာက
"အင်း ..ကိုယ်ကတော့ ရဲတွေနဲ့ တွေ့ ပြီးမှပဲ သောက်တော့မယ် .. ကိုယ့်လူ"တဲ့။
Ref : Myanmar Times

No comments:

Post a Comment