ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Thursday, August 23, 2012

ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

myanmar news zone မှ ကူးယူဖော်ပြပါသည်။

မိဿရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

Aug 5th မှ Aug 11th ကြား
ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်မှုများ အောင်မြင်မည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။ ရုတ်ချည်းပေါ်လာသော အခွင့်အရေးကို အသုံးချ၍ တိုးတက်မှု ရမည်။ ပြင်ဆင်ပြောင်းလဲမှုများ ဆောင်ရွက်၍ အထူးကောင်းသည်။ အလုပ်အပြောင်းအလဲ ဆောင်ရွက်နိုင်မည်။ ချမှတ်ထားသော လုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်နိုင်မည်။ ငွေကုန်များလင့်ကစား အကျိုးရှိသော ကုန်ကျမှုမျိုး ဖြစ်မည်။ နေအိမ်၊ အလုပ်နေရာတို့တွင် မီးခလုတ်၊ ရေပိုက်ခေါင်းများ ပြင်ဆင်ပါ။ ထူးခြားစွာ ကံကောင်းမည်။

အပြည့်အစုံသို့...

ပြိဿရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

Aug 5th မှ Aug 11th ကြား
သူတစ်ပါးစကားနားယောင်မိ၍ ဆောင်ရွက်မှုများ ဖရိုဖရဲ ဖြစ်တတ်သည်။ အကုန်အကျများမည်။ အပျက်အစီး၊ အပျောက်အရှများမည်။ စက်ဝိုင်းပုံပေါ်တွင် လမ်းလျှောက်သည့်အလား အကြောင်းအရာတစ်ခုပေါ်၌ လည်ပတ်နေပြီး ခရီးမရောက်သလို ဖြစ်နေမည်။ အလုံးစုံအစမှ ပြန်လည်ဆောင်ရွက်ရခြင်း ရှိမည်။ ခိုးဝှက်ခံရတတ်သည်။ လိမ်ညာခံရတတ်သည်။ ရန်အတိုက်အခံများနှင့် ယှဉ်၍ လုပ်ရမည်။ အပြောင်းအလဲကို ဆောင်ရွက်ရန် အခွင့်အရေးပေါ်မည်။ လက်ခံလိုက်ပါ။ အရပ်ဝေးမှ အဆက်အသွယ်ကောင်းများရရှိမည်။ ခရီးကိစ္စအတွက် ဆောင်ရွက်ရင်း ငွေလိမ်ခံရတတ်သည်။

အပြည့်အစုံသို့...

မေထုန်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

Aug 5th မှ Aug 11th ကြား
ရည်မှန်းချက်သစ်နှင့် ရှေ့တိုးဆောင်ရွက်ခြင်းများမှ အဆင့်မြင့်တက်လမ်းများ ရမည်။ မိတ်ကောင်းဆွေကောင်း အကူအညီရမည်။ အကြီးအကဲများ၏ အထောက်အကူ ရရှိမည်။ တိုးပွားလာသော မိတ်ဆွေသစ်များနှင့် ပူးပေါင်းလုပ်သောကိစ္စများမှ ထင်ရှားသော အကျိုးများရလာမည်။ အစာအိမ်၊ ဝမ်းဗိုက်နှင့် သွား၊ သွားဖုံးဝေဒနာနှစ်မျိုး တစ်ပြိုင်နက်တည်းကျရောက်ခြင်း ကြုံမည်။ အပေါ့ရ။ လုပ်ငန်းတွင် ကောင်းသောတက်လမ်းများ ပေါ်မည်။ အဆင့်မြင့် အောင်မြင်မှုများ ရမည်။ အချစ်ရေး၊ မေတ္တာရေး ကံအထူးကောင်းသည်။ အတတ်ပညာကို အခြေတည်၍ တိုးတက်မှုများရလာမည်။

အပြည့်အစုံသို့...

ကရကုဋ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

Aug 5th မှ Aug 11th ကြား
ထူးခြားသော ပုဂ္ဂိုလ်များနှင့် ဆုံရတတ်သည်။ နာမ်ဝိညာဉ်လောကနှင့် ဆက်နွယ်သော အတွေ့အကြုံများ ရမည်။ ဖြစ်ပေါ်တော့မည့် ကိစ္စများကို ကြိုတင်ခံစားသိရှိနေမည်။ သေဆုံးသွားသူများကို အိပ်မက်မြင်မက်မည်။ အိမ်အနီးအပါး နာရေးဖြစ်ပေါ်ခြင်း ရှိမည်။ ဘာသာရေးနှင့် ပတ်သက်သော လက်ဆောင်ပစ္စည်းရရှိမည်။ ထူးခြားသော ရုပ်ပွားတော်များအား ဖူးတွေ့ရလိမ့်မည်။ ဘုရားတည်၊ ကျောင်းဆောက်ကိစ္စများတွင် အလှူကိစ္စပြုရမည်။ အတတ်ပညာကို အခြေတည်၍ တိုးတက်မည်။ ကိုယ်ပိုင်အစွမ်းအစများ ပေါ်လွင်မည်။ ပညာသင်တန်းနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။

အပြည့်အစုံသို့...

သိဟ်ရာသီဖွားအတွက် ဆရာကြီး စံ-ဇာဏီဘို၏ ၂၀၁၂ခုနှစ်၊ သြဂုတ်လ ဟောစာတမ်း

Aug 5th မှ Aug 11th ကြား
အတူနေနီးစပ်သူများနှင့် ပဋိပက္ခများဖြစ်တတ်သည်။ ဆန့်ကျင်ဘက်များနှင့် ကြုံမည်။ ဖုံးကွယ်ထားသည်များအပေါ် ဖြေရှင်းရခြင်း ကြုံမည်။ အတိတ်အရိပ်ဆိုး၏ လွှမ်းမိုးမှုများကို ပြန်လည်ရင်ဆိုင်ရခြင်း ရှိမည်။ အတိတ်ကာလ လမ်းစဖြတ်ထားသူတို့နှင့် ပြန်လည်ဆက်ဆံမိ၍ အကျိုးစီးပွား ပျက်ယွင်းတတ်သည်။ ခရီးကိစ္စများ စီစဉ်ရမည်။ အပြောင်းအလဲပြုရန် စီစဉ်ထားသည်များ အဆင်ပြေကာနီးမှ အနှောင့်အယှက်ပြုသူ ပေါ်မည်။ အရပ်ဝေးမှ သတင်းကောင်းများ ရရှိမည်။ မြှုပ်နှံထားပြီး အရှုံးပေါ်နေသည့်ပစ္စည်းများမှ ကောင်းစွာ အမြတ်အစွန်းရရှိမည်။

အပြည့်အစုံသို့...

No comments:

Post a Comment