ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Thursday, August 30, 2012

မဟာဂန္ဓာရုံဆရာတော်အသျှင်ဇနကာဘိဝံသ ၏သံဝေဂလင်္ကာ

  ၁။ ငါတို့ နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည် ။
  ၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည် ။
  ၃။ ရသည့် ဥစ္စာ ချစ်သူပါ စွန့် ခွါသွားရမည် ။
  ၄။ တကယ့်အရေး တကယ့်ဘေး  
      ဘယ်သွေးဘယ်သားမကယ်ပြီ ။
  ၅။ ငါနှင့်ရွယ်တူငါ့အောက်လူ ကြီးသူသေကြများလှပြီ
  ၆။ ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးလာပြီ ။
  ၇။ ဇရာမီးလောင် ကိုယ်လည်းလောင်
      သေအောင်မြှိက်တော့သည် ။
  ၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ ။
  ၉။ ဒါန သီလ ဘာဝနာ လမ်းသာတွင်လိမ့်မည် ။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည် ။

No comments:

Post a Comment