ကြိုဆိုပါတယ်

ဣစ္ဆာသယ ဘလော့မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ် ..... ရွှင်လန်းချမ်းမြေ့ပါစေ ... Welcome to eightsarthaya blog.

Friday, November 9, 2012

ပြိဿရာသီဖွားအတွက် ၂၀၁၃ခုနှစ်၊ ဟောစာတမ်း (ကွန်ပျူ ဗေဒသုခုမ မှ တဆင့်ကူးယူဖော်ပြပါသည်)

taurus (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ပြိဿ ရာသီဖွားများအတွက် နှစ်အစပိုင်းမှာ ၀ာာဝန်ဝတ္တရားတွေ အလွန်ကြီးမားတတ်ပြီး မိမိ အလုပ်အကိုင် အကြံအစည်များ နှေးကွေးကြန့်ကြာခြင်း၊ ပိတ်ပင်ခံရခြင်းများကြုံရတတ်ပြီး ဖိအား Tension များတတ်တဲ့ နှစ်လည်း ဖြစ်တယ်။ မထင်မှတ်သော အပြောင်းအလဲများလည်း ကြုံရနိုင်တယ်။ စိတ်ဓာတ်ကျဆင်းနေမယ်။ အထက်လူကြီး ၊ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ လှည့်ဖျားမှု နှင့် မရိုးမသားလုပ်တာ ခံရခြင်းများလည်း ကြုံရနိုင်တယ်။ နှစ်အစပိုင်းမှာ ဒီလို မကောင်းတဲ့ ကံတရားတွေ ရှိပေမယ့် နှစ်အလယ်လောက်ကစပြီး ကံဇာတာ ပြန်လည် တိုးတက်လာနိုင်တယ်။ ကိုယ်တိုင် အပြစ်တစ်ခုခု ကျူးလွန်ထားမိသူများမှာ ဒီအပြစ်ရဲ့ ခြောက်လှန့်မှုကို ခံစားနေရမယ်။ နောင်တ တရားတွေ ဖြစ်နေရတတ်တယ်။ အိပ်ပျက်ညတွေ များနေတတ်တယ်။ သို့သော် နှစ် အလယ်ပိုင်းတစ်ချက်မှာ စီးပွားရေးသမားများမှာ ငွေစုငွေပုံ ၀င်ရောက်ခြင်း (သို့) အခွင့်အလမ်းကြီးကြီးမားမား ၀င်ရောက်ခြင်း များဖြစ်နိုင်ပြီး ၀န်ထမ်းများမှာ ရာထူးတိုးခြင်း ၊ လုပ်ပိုင်ခွင့်တိုးခြင်း ၊ ဂုဏ်ပြုချီးမွမ်းခံရခြင်းများ လည်း ကြုံဆုံရဖို့ ရှိပါတယ်။ ဒါကြောင့် ဒီနှစ်ကို ကံညံ့သလားလို့ မေးပြန်ရင်လည်း သိပ်တော့ မညံ့ပါဘူး။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးလို့ဘဲ ဆိုရမှာပါ။ ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် “နှစ်ဦးနှစ်ဖက် မျှတခြင်း” ဆိုတဲ့ စိတ်သဘောထား နဲ့ လုပ်ရပ်တွေ အရေးတကြီးလိုအပ်ပါတယ်။ “မျှတခြင်း ၊ ကိုယ်ခြင်းစာခြင်း ၊ တရားနည်းလမ်း ကျခြင်း” များနဲ့ ပြည့်စုံရင်တော့ ဒီနှစ်ရဲ့ အဆုံးသတ်ဟာ ကံကောင်းမှုတွေ အသေအချာရမယ်။ တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်ထား နဲ့ အပြုအမူကြောင့် ဒီနှစ်အဆုံးဟာ “ဖွတ်မရ ၊ ဓါးမဆုံး” ဖြစ်သွားတတ်တာကို သတိပြုရပါမယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်မှာ ပြိဿရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ ဝေခွဲမရ၊ ဆုံးဖြတ်မရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နိုင်ပြီး ဘာလမ်းကို လိုက်ရမှန်းမသိအောင် ဖြစ်တတ်တယ်။ မိမိအပေါ် ဖိအားများလည်း အလွန်များတတ်တယ်။ အလိုလိုနေခြင်း စိတ်အားငယ်ခြင်း ၊ စိတ်တုန်လှုပ်ချောက်ခြားခြင်းများ ၊ အိမ်မပျော်ခြင်းများ ဖြစ်နေမယ်။ အတိတ်ကိုလည်း စိုးရွံ့ ၊ အနာဂါတ်ကိုလည်း စိုးရွံ့စိတ်တွေ များနေမယ်။ ခြောက်အိပ်မက်တွေနဲ့ ထိတ်လန့်နေတတ်တယ်။ ဘာသာတရား (အထူးသဖြင့်) မေတ္တာတရားကို အစဉ်ပွားများနိုင်ဖို့ လိုလိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ စီးပွားရေးမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရှိတယ်။ မိမိတစ်ဦး တည်း လုပ်ကိုင်ရတဲ့ လုပ်ငန်းပုံစံကနေ နှစ်ဦးစပ်လုပ်ငန်း (သို့) အဖွဲ့အစည်းနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းပုံစံမျိုး ပြောင်းလဲရဖွယ် ရှိတယ်။ သို့သော် အဆင်ပြေပြေနဲ့ ပြောင်းလဲရတဲ့ ပုံစံမျိုးမဟုတ်ဘဲ အခြေအနေအရ ပြောင်းလဲရတဲ့ ပုံစံမျိုး ဖြစ်ဖို့များတယ်။ မိမိသဘောကျ မဖြစ်ဖို့များတယ်။ ပြင်ပအမြင်မှာတော့ ယခုနှစ်မှာ မိမိအလုပ်အကိုင် အခြေအနေတွေ အရမ်းတိုးတက်အောင်မြင် နေတယ်လို့ ထင်ကြမယ်။ ဒါပေမယ့် လက်တွေ့မှာ အတွင်းကျိတ် ပြဿနာတွေ များနေတတ်တယ်။ မိမိလုပ်ငန်းနှင့် ပတ်သတ်ပြီး “ငုံမရ ၊ ထွေးမရ” အခြေအနေမျိုးတွေ ကြုံရတတ်တယ်။ ဧပြီလလယ် လောက်ကနေ ဇွန်လကုန် အတွင်းလောက်မှာ လုပ်ငန်းနှင့် ပတ်သက်ပြီး ထူးခြားကောင်းမွန်တဲ့ အခြေအနေမျိုးကို ကြုံရမယ်။ လုပ်ငန်းတိုးတက်ချဲ့ထွင်မှု ၊ ကျော်ဇောမှု ၊ မြင့်မားသောအခြေ အနေသို့ ရောက်ရှိမှုများ ဖြစ်နိုင်တယ်။ ဒီနှစ်ရဲ့ လုပ်ငန်းပုံစံတွေကတော့ ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း၊ မတူကွဲပြား သော ပြိုင်ဖက်များနှင့် ပေါင်းစပ်လုပ်ကိုင်ရခြင်း သဘောများကို အသွင်ဆောင်ယူမယ်။ ဒီနှစ်ဟာ အရာရာမှာ ငါတစ်ကောကော လုပ်မရပါ။ မိမိစိတ်တိုင်းကျ လုပ်မရပါ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်ရမယ့် နှစ်ဖြစ်တယ်။ စစ်ဘက် နှင့် အုပ်ချုပ်ရေး ဘက်ဆိုင်ရာလုပ်ငန်းများ၊ ဆေးပညာဆိုင်ရာလုပ်ငန်းများ ၊ စက်ရုံ နှင့် စက်မှုလက်မှု လုပ်ငန်းများ ၊ နိုင်ငံရေးသမားများ ၊ သတ္တုတူးဖော်ထုတ်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ၊ ရေ ၊ အရက် ၊ ဘီယာ ၊ ဓာတုဗေဒဓာတ်ဆေး ၊ ပိုးသတ်ဆေး ၊ မြေသြဇာ စတဲ့ လုပ်ငန်းများမှာ လုပ်ကိုင်သူများ အခွင့်အလမ်း ကောင်းများ တိုးတက်ရရှိနိုင်တယ်။ သို့သော် အထက်က ပြောသလို ဆန့်ကျင်ဘက် အင်အားစုများနဲ့ အတူယှဉ်တွဲ လုပ်ဆောင်ရဖို့ များတယ်။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကံကတော့ ဧပြီလလောက်အထိ ငွေမလည်ဘဲ ဖြစ်နေတတ်တယ်။ ဧပြီလ ကနေ ဇွန်လကုန် အတွင်းမှာတော့ ငွေကြေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တယ်။ ငွေစုငွေပုံ ၀င်နိုင်တယ်။ အမွေရဖို့ ရှိတဲ့သူတွေ ၊ အမွေအတွက် တရားဖြစ်နေတဲ့သူတွေ အနိုင်ရပြီး အမွေဆက်ခံခွင့်ရှိမယ်။ လျှို့ဝှက်သောနေရာ ၊ လျှို့ဝှက်သော နည်းလမ်းများဖြင့် ငွေစုငွေပုံ ၀င်ရောက်နိုင်တယ်။ ဒါပေမယ့် တနှစ်လုံးအနေနဲ့ ပြောရရင်တော့ ငွေကြေးကိစ္စက ပုံမှန် အနေအထားမှာဘဲ ရှိပါမယ်။ လာဘ်လာဘ ထူးထူးခြားခြား ရွှင်လန်းတဲ့ နှစ်လို့တော့ မဆိုနိုင်ဘူး။ နိုင်ငံရပ်ခြား နှင့် ဆက်စပ် နေသော ငွေကြေးကိစ္စများ ၊ ရရန်ရှိသည်များ (လွှဲပြောင်းရန်ရှိသည်များ) အကျိုးခံစားခွင့် ရရှိနိုင်တယ်။
ပညာရေး။                    ။ ငယ်ရွယ်သူများ ပညာသင်ကြားနေသူများ ပညာရေးနှင့် ပတ်သက်ပြီး ထူးခြားစွာ အောင်မြင်တိုးတက် နိုင်တဲ့ နှစ်ဖြစ်တယ်။ ဘွဲ့ထူး ဂုဏ်ထူးများစွာဖြင့် အောင်မြင်တတ်တဲ့ နှစ်မျိုးဖြစ်တယ်။ သို့သော် မတ်လအတွင်း ဖြေဆိုရတဲ့ စာမေးပွဲတွေမှာတော့ ကံ အားနည်းဖွယ် ရှိတယ်။ ဧပြီလ နောက်ပိုင်းမှာ ဖြေဆိုရတဲ့ စာမေးပွဲတွေမှာတော့ ကံကောင်းမှုတွေ များပါလိမ့်မယ်။ စာမေးပွဲမေးခွန် နဲ့ အဖြေလွှာတွေကို သေချာစွာ ဖတ်ဖို့ ၊ အပြန်ပြန်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီနှစ်မှာ အထူး ”မျက်စေ့လျှမ်း” တတ်ပါတယ်။ စာမေးပွဲခန်းအပြင်ရောက်မှ မှားဖြေမိခဲ့တာမျိုး ဖြစ်ဖို့များလို့ သတိထားပါ။
အချစ်ရေး ။                    ။ အချစ်ရေး ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြမယ်။ ချစ်သူတွေမှာ ခိုက်ရန်ဖြစ်ပွားမှု ၊ အထင်အမြင် လွဲမှားမှု မကြာခဏ ဖြစ်မယ်။ သို့သော် ကြီးမားတဲ့ အကွဲအပြဲမျိုးတော့ ဖြစ်ဖို့ နည်းပါးတယ်။ တနှစ်လုံးတော့ တကျက်ကျက် ဖြစ်နေမယ်။
အိမ်ထောင်ရေး။                    ။ အိမ်ထောင်ရေးကိစ္စကတော့ ဒီနှစ်မှာ အိမ်ထောင်မကျရင်လည်း အရှင်း ၊ ကျရင်လည်း မိမိထက် အဆင့်မြင့်သူ ၊ ဂုဏ်သိက္ခာကြီးမားသူများနှင့် အိမ်ထောင်ပြုရတတ်တယ် (သို့မဟုတ်) တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနားများ ကျင်းပရတတ်တယ်။ ဒီနှစ်အိမ်ထောင်ပြုမည့်သူများ ၀ါတွင်းကာလ မတိုင်မှီထက် ၊ ၀ါကျွတ်ပြီးမှ မင်္ဂလာဆောင် ခြင်းဖြင့် ကောင်းမွန်သော အိမ်ထောင်ရေးကံကို ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစုအရေး ၊ အိမ်တွင်းရေးကတော့ အိုကေမှာ စိုပြေနေပါလိမ့်မယ်။ အိမ်တွင်းရေး တည်ငြိမ်အေးချမ်းမယ်။ မိသားစုရဲ့ ဘတ်ဂျက်အခြေအနေလည်း ကောင်းမွန်မယ်။ ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ရရှိလိမ့်မယ်။ ယခင်နှစ်များက အဆင်မပြေလှသော အိမ်ထောင်သည်များမှာပင် ဒီနှစ်မှာ အတော်လေး အခြေအနေ ကောင်းနေလိမ့်မယ်။
ကျန်းမာရေး ။                    ။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒီနှစ်မှာ အတော်ကလေး ဂရုစိုက်ရမယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ သတိထားပါ။ ရောဂါတိုးတတ်တဲ့ နှစ်ဖြစ်တယ်။ ဆေးရုံဆေးခန်း တက်ရောက်ရတဲ့ နှစ်မျိုး ဖြစ်တတ်တယ်။ ဦးနှောက်အာရုံကြော ၊ မျက်စေ့ ၊ ခါးနာခြင်း ၊ ခါးတစ်ဝိုက်ရောဂါများ၊  နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ ယာဉ် Accident များ ၊ ဆီးချိုရောဂါများ သတိထားဖို့ ပိုလိုအပ်မယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ နိုင်ငံခြားကို ခရီးသွားလာဖို့ ရှိသူများ အကြံအစည် အထမြောက်မယ်။ မထွက်ရတော့ဘူးလို့ ထင်ထားသူများပင် ရုတ်တရက် နိုင်ငံခြားခရီး ထွက်ရတတ်တယ်။ နိုင်ငံခြားကို အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ ဒုတိယ ()လပိုင်းမှာ အဆင်ပြေမယ်။ အလုပ်အကိုင်ကောင်း ရမယ်။ ဒီထက် စောထွက်ရင် အဆင်မပြေ တတ်ပါ။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ အပြင်ပန်းကနေကြည့်ရင် အောင်မြင်နေတဲ့ အနေအထားမျိုး ရှိပေမယ့် အတွင်းကြိတ်ပြဿနာလေးတွေ ရှိမယ်။ ဒါပေမယ့် ပြဿနာ ကြီးမလာအောင် ထိန်းထားနိုင်မယ်။ ဂုဏ်သိက္ခာ ကျလောက်အောင် မဟုတ်ပေမယ့် သွားပုတ်လေလွင့် ပြောတာမျိုးတော့ ခံရမယ်။ ယခုနှစ်အတွင်း လူမှုဆက်ဆံရေးပိုင်းမှာ “ဟန်ဆောင် ၊ သရုပ်ဆောင်ပြီး” ဆက်ဆံနေရတဲ့ ဆက်ဆံရေးမျိုးတွေ များလိမ့်မယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ပြိဿ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် မညံ့လွန်း မကောင်းလွန်း သင့်တင့်မျှတတဲ့ အနေအထားမျိုးဘဲ ရှိတယ် ပြောရပါမယ်။ ပြောလောက်အောင် ကောင်းတဲ့ /ဆိုးတဲ့ နှစ် ဖြစ်စရာတော့ မရှိပါ။ သို့သော် ယခုနှစ်မှာ “ဟန်ဆောင်မျက်နှာဖုံး တပ်ထားရတာမျိုး” ၊ “အပူရုပ်ကို ဟန်လုပ်နေရတာမျိုး” ရှိနိုင်တယ်။ အခြေအနေ အချိန်အခါအရ ကိုယ်မနှစ်သက်သော သူများနှင့် အလုပ်ပူးတွဲ လုပ်ကိုင်ရခြင်းမျိုး ရှိဖို့များတယ်။ အမွေရဖို့ ရှိသူများ အမွေရတတ်တယ်။ တစ်ခု သတိထားရမှာက ကျန်းမာရေး ပါဘဲ။ ဒီနှစ်ထဲမှာ မမျှော်လင့်ဘဲ ကျန်းမာရေး ညံ့သွားနိုင်တယ်။ ကျန်းမာရေး ဖြစ်လာရင် ပေါ့ပေါ့ ပါးပါးနဲ့ မပြီးတတ်ဘူး။ ငယ်ရွယ်သူများထက် အသက်အရွယ် ကြီးရင့်သူများ ၊ ရောဂါ အခံရှိသူများ ပိုမို သတိထားရမယ်။ သို့သော် ဒီနှစ် အိမ်တွင်းရေး ကံကြမ္မာကို ပြန်ကြည့်မယ်ဆိုရင် “အကောင်းပြနေလို့” အလွန်ဆိုးဝါးတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ နောက်ပြီး မကျန်းမမာဖြစ်ရင်လည်း အချိန်ကာလ မကြာရှည်တတ်ဘူးလို့ မှတ်ယူနိုင်ပါတယ်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ပြိဿ ရာသီဖွားများအနက် အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ သားသမီးများ ကံဇာတာ အနည်းငယ် ညံ့တတ်တယ်။ ကြာသပတး သားသမီးကတော့ ()လကျော်လျှင် ကံပြန်တက်လာနိုင်တယ်။ တနင်္ဂနွေ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေသားသမီးများ ကံကြမ္မာ အကောင်း/အညံ့ မျှတနေတတ် ပါတယ်။
ယတြာပြုလုပ်လိုက ။                    ။ ပျက်နေတဲ့ လမ်း ၊ တံတားများ ပြင်ဆင်ပေးပါ။ ထိုလုပ်ငန်းများမှာ အလှူငွေ ထည့်ပေးပါ။ ခရီးသွားလာဖို့ အခက်အခဲ ဖြစ်နေတဲ့ သက်ကြီးဝါကြီး သံဃာတစ်ပါးကို ခရီးစားရိတ် လှူဒါန်းလိုက်ပါ။ ယခုနှစ်အတွင်း ကားအသစ် ၀ယ်မစီးပါနှင့်။ Accident ဖြစ်ဖွယ်ရှိပါတယ်။ သို့မဟုတ် ကားဝင်ပြီးတာနဲ့ ကျန်းမာရေး ညံ့လာတတ်ပါတယ်။

ကုံ ရာသီဖွားအတွက် ၂၀၁၃ခုနှစ်၊ ဟောစာတမ်း (ကွန်ပျူ ဗေဒသုခုမ မှ တဆင့်ကူးယူဖော်ပြပါသည်)

aquarius (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ကုံ ရာသီဖွားများအတွက် အဆောက်အဦးတစ်ခုကို ဒီဇိုင်းဆွဲ ပုံစံချ တည်ဆောက်ရ သလိုဘဲ ဘ၀ပုံစံ ၊ အလုပ်ပုံစံတစ်ခုကို တည်ဆောက်ရမယ့် နှစ် ဖြစ်တယ်လို့ ဆိုနိုင်တယ်။ အချိန်ယူမှု နဲ့ ကြိုးစားအားထုတ်မှု တော့ ရှိရမယ်။ အဲဒီနောက် အသီးအပွင့်ကို ခံစားရမယ်။ ဒီနှစ်ဟာ ကိုယ့်ရဲ ကိုယ်ရည်ကိုယ်သွေး နဲ့ အလုပ်ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသရမယ့် အချိန်အခါဘဲဖြစ်တယ်။ ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ အရည်အချင်း၊ အရည်အသွေးတွေကို လူတွေသိလာမယ်။ လူသိများလာမယ်။ အသိအမှတ်ပြုလာမယ်။ ဒီနောက် ထင်ပေါ်ကျော်ကြားလာမယ်။ ဘ၀အဆင့်အတန်း ၊ အလုပ်အကိုင် အဆင့်အတန်းပါ မြင့်မားလာမယ်။ ကိုယ့်ရဲ့ သြဇာအရှိန်အ၀ါလည်း တက်လာမယ်။ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကောင်းခြင်း အဖြာဖြာ ပြည့်စုံနိုင်တဲ့ နှစ်ဖြစ်လိမ့်မယ်။ “အဆင်မပြေ ဖြစ်နေတာ ကြာပါပြီ” ဆိုတဲ့ ကံဇာတာ နိမ့်လှတဲ့ ကုံရာသီဖွားများတောင်မှ ဒီနှစ်မှာ “ထင်ပေါ်လို့ စင်တော်ကောက်” တာကို ခံရလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို ခံစားနိုင်ဖို့ ကုံရာသီဖွား တစ်ယောက်မှာ “အရည်အချင်း နဲ့ အတတ်ပညာကောင်း” တစ်ခုတော့ ရှိထားပြီးသူဖြစ်ရမယ်။ အတတ်ပညာမရှိဘဲ အရည်အချင်း အားနည်းသူကတော့ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို သိသိသာသာ ခံစားရမှာ မဟုတ်ဘူး။ ဒီနှစ်ဟာ ရှင်းရှင်းပြောရရင် ကုံရာသီဖွားများအတွက် “ပညာရဲရင့် ပွဲလယ်တင့်” မယ့် နှစ်မျိုးဖြစ်တယ်။ အရည်အချင်းမရှိဘဲ အချောင်ကြီးပွားမယ့် နှစ်မဟုတ်ဘူး လို့တော့ ဆိုပါရစေ။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်အတွက် ကုံရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ စိတ်ဓာတ်တက်ကြွရွှင်လန်းနေမယ်။ စိတ်ဆုံးဖြတ်ချက်တွေ မြန်မယ်။ အရာရာကို ဟောဟောဒိုင်းဒိုင်း ပြုလုပ်လိုစိတ်များနေမယ်။ အကောင်းမြင်ဝါဒ လွန်ကဲ နေမယ်။ စိတ်ကလည်း ဆတ်ဆတ်ထိမခံဖြစ်နေမယ်။ စိတ်တို ဒေါသကြီးနေမယ်။ အလုပ်အကိုင် အကြီးကြီးတွေ လုပ်လိုစိတ် လွန်ကဲနေမယ်။ တစ်နေရာထဲမှာ ငြိမ်ငြိမ်မနေချင်ဘဲ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ပြောလို လုပ်လိုစိတ်တွေ များနေလိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ကိုယ်ရည်ရွယ်ထားတာဖြစ်စေ ၊ မရည်ရွယ်ဘဲဖြစ်စေ စီးပွားရေး လုပ်ငန်းပုံစံတစ်ခု ကိုယ့်ထံကို ၀င်ရောက်လာဖို့ရှိတယ်။ အနှစ်နှစ်အလလက ရည်မှန်းထားတဲ့ လုပ်ငန်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီလုပ်ငန်းဟာ ကိုယ့်ရဲ့ ၀ါသနာ ၊ အရည်အသွေးနဲ့လည်း ကိုက်ညီတဲ့ လုပ်ငန်းဖြစ်လိမ့်မယ်။ အောင်မြင်အောင်လည်း လုပ်ဆောင် နိုင်လိမ့်မယ်။ အချို့သူများကြတော့ လက်ရှိလုပ်ငန်းအဟောင်းကို အသွင်သစ်၊ အမြင်သစ် ခေတ်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်တိုးချဲ့နိုင်လိမ့်မယ်။ လုံးဝကွဲပြားခြားနားတဲ့ စိတ်ကူးစိတ်သန်း ဒီဇိုင်းအဆန်းတွေနဲ့ လုပ်ငန်းကို ပြင်ဆင် တိုးချဲ့နိုင်လိမ့် မယ်။ အလုပ်အကိုင်အသစ်ကို အခုမှ စ,ပြီး ရှာနေတဲ့ ငယ်ရွယ်သူများမှာလည်း ဘ၀တက်လမ်းကောင်းတဲ့ အလုပ်ကြီးအကိုင်ကြီး တွေမှာ ခံအပ်တာကို ခံရလိမ့်မယ်။ ကိုယ့်ရဲ့ အရည်အချင်းကို လိုက်ပြီး တိုးတက်သွားကြမှာဖြစ်တယ်။ ဒီနှစ်ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်း ၊ ဗိသုကာလုပ်ငန်း ၊ အဆောက်အဦး ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ၊ ရေလုပ်ငန်း ၊ အရက်ဘီယာလုပ်ငန်း ၊ ဓာတုဗေဒ ဓာတ်ဆေးရည်လုပ်ငန်း ၊ ဆေးဝါးလုပ်ငန်း ၊ ဆေးကုသခြင်းလုပ်ငန်း ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်း ၊ အီလက်ထရောနစ်လုပ်ငန်း ၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းများမှာ လုပ်ကိုင်နေကြသူများ အထူးအကျိုးကျေးဇူး များနိုင်ကြတယ်။ မြန်မာနှစ်ဆန်းတစ်ရက်ကျော်လာပြီးချိန်ကစပြီး လုပ်ငန်းများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြဖွယ် ရှိတယ်။ သို့သော် လုပ်ငန်းပြိုင်ဖက် ၊ ရန်အတိုက်အခံများကတော့ နှစ်လယ်လောက်ကစပြီး သိသိသာသာ တိုးတက်များပြား လာနိုင်တယ်။ ပြဿနာတော့ သိပ်မရှိနိုင်ပါဘူး။ ဒီနှစ် ကိုယ့်ရဲ့ ကံကြမ္မာက မြင့်မားနေတော့ ရန်သူရှိလည်း ကိုယ့်ကို လှန်နိုင်ချေ မရှိတတ်ပါ။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကံကတော့ အထူးကောင်းနိုင်တယ်။ မိမိလုပ်ငန်းမှ ၀င်ငွေများ တိုးတက်များပြား လာနိုင်တယ်။ လုပ်ငန်းကြီးသမားများမှာ ငွေအစုလိုက် အပုံလိုက် ၀င်ရောက်နိုင်တယ်။ အမြတ်အစွန်း အလွန်ကြီးမားမယ့် လုပ်ငန်းကြီးများကို ကိုင်တွယ်လုပ်ဆောင်ခွင့် ရရှိကြလိမ့်မယ်။ ဒီနှစ်မှာ ငွေကြေးနဲ့ ပတ်သတ်ပြီး လုံးဝစိတ်ပူစရာ မလိုတဲ့ နှစ်ဖြစ်မယ်။ ရံဖန်ရံခါ ငွေကြပ်ခြင်းများ ရှိနိုင်သော်လည်း ပြန်ဝင်ပြီဆိုရင် အဆတိုးပြီး ၀င်လာတတ်တယ်။ ဒီနှစ်ဟာ ကုံရာသီဖွား များအတွက် ငွေကြေးစုပုံ ၀င်ရောက်နိုင်တဲ့ နှစ်လို့ ဆိုရမယ်။
ပညာရေး။                    ။ ကုံရာသီဖွားများအတွက် ဒီနှစ်ဟာ ပညာရေးနှင့် ပတ်သက်ပြီး ထူးခြားစွာ အောင်မြင်တိုးတက် နိုင်တဲ့ နှစ်ဖြစ်တယ်။ နိုင်ငံရပ်ခြားများသို့ ပညာသွားရောက်သင်ကြားခွင့်မျိုး ရတတ်တယ်။ နိုင်ငံခြားမှ ပေးအပ်သော ပညာသင်ဆုများ ရရှိနိုင်တယ်။ မဟာဘွဲ့ ၊ PhD ဘွဲ့ သင်တန်းများ တက်ရောက်မည့် သူများ အဆင်ပြေစွာ တက်ရောက်သင်ကြားခွင့်ရမယ်။ ယခု နှစ်အတွက် ကုံရာသီဖွား ကျောင်းသားများဟာ အခြေခံပညာ ၊ အထက်တန်းပညာ ၊ တက္ကသိုလ်ပညာ ၊ ဘွဲ့လွန်ပညာ ၊ အလုပ်ဝင်ခွင့် စာမေးပွဲ . . . အားလုံးမှာ အခြေအနေ ကောင်းနေမယ်။ ကံကောင်းနေမယ်။
အချစ်ရေး ။                    ။ အဆင်ပြေပြီဆိုတော့ အားလုံးဘဲ ဆိုပါတော့။ အချစ်ရေး ကိစ္စတွေမှာလည်း ကံကောင်းနေမယ်။ အချစ်ရေးကိစ္စတွေမှာ ပျော်ရွှင်ရမယ်။ ရည်မှန်းချက် ပြည့်ဝမယ်။ အချစ်ရေး တောင်းခံထားသူများ ၊ အချိန်ဆွဲ ဗျူဟာနဲ့ မအီမလည် အလုပ်ခံထား ရသူများ ပျော်စရာကောင်းတဲ့ ချစ်သူရဲ့ အဖြေကို ဒီနှစ်ထဲမှာ ရတတ်တယ်။ အထီးကျန်ဘ၀နဲ့ နေရတာကြာသူများ “အစွံထုတ်” လို့ ရမယ့် နှစ်မျိုးဖြစ်တယ်။
အိမ်ထောင်ရေး။                    ။ အိမ်ထောင်ရေးကိစ္စကတော့ ဒီနှစ်မှာ အိမ်ထောင်ပြုရေး မပြုရေးနဲ့ ပတ်သက်ပြီး ဒွိဟစိတ်တွေ များနေတတ်တယ်။ စဉ်းစားဆုံးဖြတ်ရမယ့် အခြေအနေမျိုး ကြုံရတတ်တယ်။ အချို့သူများမှာ ()ဦး ()ယောက် ဘယ်သူ့ကို ရွေးရမလဲ ဆိုတဲ့ ပြဿနာမျိုးတွေလည်း ၀င်နိုင်တယ်။ ဒါပေမယ့် ကံတရားအရတော့ ဒီနှစ်ဟာ ရွေးချယ်မှု မှားဖို့ သိပ်မရှိဘူး။ ဒီနှစ်ဟာ အိမ်ထောင်ပြုမယ်ဆိုရင် ကျတတ်တဲ့ နှစ်မျိုးဖြစ်ပေမယ့် မိမိကိုယ်တိုင်က စိတ်မပြတ်သားဘဲ အချိန်ဆွဲနေတတ်တယ် ပြဿနာတော့ မရှိပါဘူး။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီလို စီးပွားရေး နဲ့ ငွေရေးကြေးရေးတွေ အဆင်ပြေတဲ့ နှစ်မျိုးမှာ အိမ်ထောင်ရေး မိသားစုအိမ်တွင်းရေးများဟာလည်း သာယာနေမယ်ဆိုတာ ပြောနေဖို့တောင် မလိုဘူး။ သာယာချမ်းမြေ့တဲ့ နှစ်ကလေးတစ်နှစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဇနီးမောင်နှံနှစ်ဦးဟာ အိမ်ထောင်ရေး စည်းကမ်းများကိုတော့ လေးစားလိုက်နာရလိမ့်မယ်။ ငွေပေါတဲ့ နှစ်မို့အပျော်အပါးများလာရင်တော့ ပူညံပူညံ ဖြစ်လာတတ်တာကို သတိထားပါ။
ကျန်းမာရေး ။                    ။ ကျန်းမာရေးကတော့ အနည်းအပါး ချုခြာတာကလွဲလို့ ရောဂါကြီးများ မဖြစ်နိုင်တဲ့ နှစ်လို့ ဆိုရမယ်။ လူပင်ပန်း စိတ်ပင်ပန်းမှု ကြောင့် ကိုယ်ခန္ဓာ ဓာတ်()ပါးမညီဘဲ ထွေလီကာလီ ရောဂါတွေ (ခေါင်းကိုက်၊ ဗိုက်နာ ၊ အကြောတက် ၊ သွေးတိုး ၊ ညောင်းညာ) စတဲ့ ရောဂါသေးတွေသာ ဖြစ်နိုင်ချေ ရှိတယ်။ (ဒါဆို အလုပ်ပန်းတာကို အနားပိုယူဖို့ လိုပြီဆိုတာကို သတိထားရမယ်) အပန်းဖြေ ခရီးများ မကြာခဏ ထွက်ပေးသင့်တယ်။ အစားမှား ဆေးမှား ဖြစ်တတ်တယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ နိုင်ငံခြားကို ခရီးသွားလာရန် စီစဉ်သူများ အဆင်ပြေချောမွေ့စွာ ထွက်ရမယ်။ ဒီနှစ် စောစောပိုင်းမှာဘဲ ထွက်ရတတ်တယ်။ နိုင်ငံခြားကို အလုပ်သွားရောက် လုပ်ကိုင်မည့်သူများလည်း အဆင်ပြေချောမွေ့စွာ ထွက်ရခြင်း ၊ နိုင်ငံခြားမှာ အလုပ်အကိုင်ကောင်းများ ရရှိခြင်းများ အကျိုးကို ခံစားရဖို့ ရှိပါတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်းမှာတော့ ပြဿနာ အနည်းနဲ့အများ ရှိတတ်ပါတယ်။ ဒီနှစ်ထဲမှာ အလုပ် ပြိုက်ဘက်ပေါ်မယ်။ ရန်ပေါ်မယ်။ ကိုယ့်ကို ဗြောင်တစ်မျိုး၊ နောက်ကွယ်ကတစ်မျိုး တိုက်ခိုက်အပုတ်ချတာကို ခံရမယ်။ မိမိကိုယ် တိုင်ကလည်း ဒီနှစ်ထဲမှာ စိတ်တိုစိတ်ကြီးလွယ်မယ်။ ထစ်ကနဲရှိ ပေါက်ကွဲလွယ်မယ်။ သူများကိုလည်း မှိုချိုးမျှစ်ချိုး ပြောလိုမယ်။ ဒီတော့ အပြောခံရသူတွေက အမှတ်အတေးထားပြီး ကိုယ့်ကို ပြန်တိုက်ခိုက်မယ်။ ဒါကြောင့် ဒီနှစ် ဒေါသကို ချုပ်တည်းပါ။ “ကြမ်းကျွံ သော် နုတ်ရ၏ ၊ စကားကျွံသော် နုတ်မရ” ဆိုတဲ့ စကားကို အမှတ်ထားပေးပါ။ မလိုလားအပ်တဲ့ လူမှုရေး ပြဿနာများ ပေါ်နိုင်ချေ ရှိပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ကုံ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အတော်လေး ကောင်းမွန်သင့်မြတ်တဲ့ အနေအထားရှိပါတယ်။ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်ခွင့်ရမယ်။ မိမိအလုပ်ကို တိုးတက်ချဲ့ထွင်ခွင့် ရမယ်။ ကိုယ့်ကို လူသိများလာမယ်။ လေးစားခံရမယ်။ အသိအမှတ်အပြုခံရမယ်။ နာမည်တစ်လုံး လူသိများလာမယ်။ ဒါတွေကတော့ ကုံရာသီဖွား အတော်များများ ခံစားရရှိမယ့် ကံတရားတွေပါ။ အလွန့်အလွန် နည်းပါးလှတဲ့ လူနည်းစုလောက်သာ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို သိသိသာသာ မခံစားရဘဲ ရှိတတ်ပါတယ်။ နောက်ဆုံး ကောင်းကျိုး မခံစားရရင်တော့ ဆိုးကျိုး မရှိသလောက် နည်းနိုင်တဲ့ နှစ်တနှစ်ဖြစ်တယ်လို့တော့ ပြောနိုင်ပါတယ်။ ဒီနှစ်ဟာ ပျော်ရွှင်ခြင်း ၊ ချစ်ခြင်းမေတ္တာ ၊ အလှအပတရား နဲ့ ကျန်းမာခြင်း တို့ရဲ့ သင်္ကေတနှစ်လည်း ဖြစ်တယ်။ အတွေးအခေါ်အသစ် ၊ စိတ်ကူးသစ် ၊ ဘ၀သစ် ပုံစံများရဲ့ သင်္ကေတနှစ်လည်း ဖြစ်တယ်လို့ ဆိုနိုင်တဲ့ နှစ်လည်း ဖြစ်တယ်။ ကဲ - ဘာလိုသေးလဲ ?
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ကုံ ရာသီဖွားများအနက် အင်္ဂါ ၊ ရာဟု ၊ သောကြာ ၊ စနေ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ ကြာသပတး သားသမီးကတော့ ()လကျော်လျှင် ရန်နဲနဲ များတတ်တယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး ၊ တနင်္လာ သားသမီးများ ကံကောင်းမှု နည်းနည်းလေး လျော့နိုင်တယ်။
ယတြာပြုလုပ်လိုက ။                    ။ ရေတွင်း ရေကန် အသစ်တူးဖော်ခြင်း ၊ အဟောင်းကို ဆယ်ခြင်း ပြုပြင်ခြင်း လုပ်ငန်းများမှာ အလှူငွေ ထည့်ဝင်လှူဒါန်းလိုက်ပါ။ လုံးဝပျက်စီးနေသော ရေတွင်းရေကန်များကို အသစ်ပြုပြင်ခွင့်ရလျှင် အကောင်းဆုံးဖြစ်ပါတယ်။

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်

" အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ 
ကျန်းမာရေးကောင်းမွန်နိုင်လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ 
ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီကြည့်ရှုခံစားခြင်းသည် အမျိုး 
သားများအတွက် ကျန်းမာရေးကောင်းမွန်စေကြောင်းသိရှိရသည်။

ယင်းအလေ့အကျင့်ကြောင့်ရရှိလာသည့်လှုံဆော်မှုသည်နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း

 ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ 

ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် 

ဓလေ့စရိုက် များကို(၅)နှစ်အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့
အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်
သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည့် အမျိုးသမီး
တဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်းပြောကြားထားပြီး ကျန်
တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲကြားနေကြ
သည်။ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ 
ဆန္ဒအတိုင်းဆောင်ရွက်ရန်ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ
 နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေးထားသည်။
(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏လှပသော 
ရင်သားကိုအရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည်
 သွေးဖိအား ပြဿနာ၊သွေးကြောနှင့် ဆိုင်သောရောဂါများ၊
 သွေးခုန်နှုန်း မမှန်ကန်မှုများဖြစ်ပေါ်နိုင်ခြေ သိသိသာသာ
ကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။လိင်နှင့်ဆိုင်သည့် 
စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ
သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။
ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သား
အလှကိုနေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် 
ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ 
မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာဝီသာဘီက ရှင်းပြခဲ့
သည်။ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက
 နှလုံးရောဂါဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်း
ဆိုသည်။ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ
(အထူးသဖြင့် အသက်၄၀ ကျော် ပုဂ္ဂိုလ်များ)သည် D-Cup အရွယ်၊ 
သို့မဟုတ် ပိုကြီးသော အမျိုးသမီးရင်သားများကို နေ့စဉ်နေ့တိုင်း
 (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်း တိုက်တွန်းနှိုးဆော်ထား
သည်ကို ဂျာမဏီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင်
 ဖေါ်ပြထားသည်။

Tuesday, September 25, 2012

ပဋ္ဌာန်းဒေသနာတော်(ပါဠိ - မြန်မာပြန်အကျဉ်း)

Path an Book

အခြေခံ အင်ဂျင်နီယာပညာ Basic Engineering Book_Myanmar

Basic Engineering Book_Myanmar

ဓမ္မပဒ ပါဠိ မြန်မာ အင်္ဂလိပ်ဘာသာပြန်စာအုပ် (DhammapadaPaliMyanmarEnglishBook)

DhammapadaPaliMyanmarEnglishBook

ဒေါက်တာလှဖေ - စိတ်ဝင်စားစရာ သင့်ခန္ဓာ

ဒေါက်တာလှဖေ - စိတ်ဝင်စားစရာ သင့်ခန္ဓာ

အောင်သင်း - အနာဂတ်ကို မကြောက်နဲ့

အောင်သင်း - အနာဂတ်ကို မကြောက်နဲ့

မန်လည်ဆရာတော်ဘုရား၏ အဆုံးအမ



ချစ်နိုင် (စိတ်ပညာ) - သေနင်္ဂဗျူဟာ အတတ်ပညာ

Chit Naing - Thay Nin Ga Byuu Har

ရွှေဥဒေါင်း - အတွေးအမြင်နှင့် ရှုထောင့်

Shwe U Daung - Ah Twayy Ah Myin Nhint Shu Daunt

Friday, September 21, 2012

မွေးခုနှစ်အလိုက် ဗေဒင်( ၈ ) မျိုး ဟောကိန်းများ

CE-43[1]

သဟဿာရဟဂါထာတော် နတ်ချစ် ဂါထာတော်

သကိ ဒေ၀ မဟာရာဇ၊ သဗ္ဘိ ( သပ်ဘိ ) ဟောတိ သမာဂမော။
သာ နံ သင်္ဂတိ ( သင်ဂတိ ) ပါလေတိ၊ နာ သဗ္ဘိ ဗဟုသင်္ဂမော။( ဗဟု သင်ဂမော )

မင်းမြတ်. သူတော်ကောင်းတို့ နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံ ရခြင်းသည် မိမိဘ၀အတွက် ဘေးရန် ကင်းရှင်း ချမ်းသာရအောင် တစ်ဘ၀လုံး စောင့်ရှောက်နိုင်ပေ၏။ သူယုတ်မာတို့ နှင့် အကြိမ်ပေါင်းများစွာ ပေါင်းသင်း ရသော်လည်း ဘေးရန်အားလုံး လုံခြုံစိတ်ချရမှု့ မရှိနိုင်ပါ။

သဗ္ဘိ ရေ၀ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထ၀ံ။ ( ကုတ်ဗေထ သန်ထ၀ံ )
သတံ သဒ္ဓမ္မ ( သတ်ဒမ်မ ) မညာယ၊ ( မင်ညာယ ) သေယော ဟောတိ န ပါပိယော။

မင်းမြတ်. ဒီလိုအကြောင်းတွေကြောင့် သူတော်ကောင်းတို့နှင့် သာ ပေါင်းသင်းကာ မိတ်ဆွေဖွဲ့ သင့်တယ်၊ အကျွမ်းတ၀င် ရှိအောင် ပြုသင့်တယ်။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းနေတဲ့အတွက် သူတော်
ကောင်းတရားတွေကို ကြားနာရပြီး ကိုယ်တိုင်လဲ သူတော်ကောင်းဖြစ်နိုင်တယ်၊ ဘယ်တော့မှ ယုတ်မာသောသူ လူမိုက် မဖြစ်နိုင်တော့ဘူး။

ဇီရန္တိ( ဇီ ရန်တိ ) ဝေ ရာဇရထာ သုစိတ္တာ၊( သုစိတ်တာ ) အထော သရီရမ္ပိ ( သရီရမ် ပိ ) ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

မင်းမြတ်. လှလှပပ အဆန်းတကြယ် ပြုလုပ်စီမံထားတဲ့ မင်းမြတ်ရဲ့ ၇ထားဟာ ဘယ်လောက်ပင် တောင့်တင်း ခိုင်ခံ့သော်လည်း တနေ့မှာတော့ ဆွေးမြေ့ပျက်စီးရမယ့် ဇရာ သဘောတရားကို မလွန်ဆန်နိုင်ဘူး၊ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော သူတော်ကောင်းတရား
ဆိုတာကတော့ ခေတ်ကာလ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက် ကြာညောင်းနေပါစေ၊ ဆွေးမြေ့
ပျက်စီးသွားတယ်၊ အိုမင်းဟောင်းနွမ်းပြီး သုံးမရတော့ဘူးဆိုတာ မရှိနိုင်ပါဘူး။

နဘဉ္စ( နဘင် စ ) ဒူရေ ပထ၀ီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ ( သမုဒ် ဒတ်သ ) တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ၊ သတဉ္စ ( သတဉ် စ ) ဓမ္မော အသတဉ္စ ရာဇ။

မင်းမြတ်. ကောင်းကင် နှင့် မြေပြင်ဟာ ဘယ်လိုမှ ဆက်စပ်လို့ မရအောင် သိပ်ကို ဝေးကွာပါတယ်၊ အဲဒီလိုပဲ မဟာ သမုဒ္ဒရာရဲ့ ဟိုဖက်ကမ်းနဲ့ ဒီမှာ ဘက်ကမ်း ဆိုတာကလဲ ဝေးကွာလွန်းလှတယ်၊ ဒါပေမယ့် သူတော်ကောင်း တရားနှင့် မသူတော်တို့၏ တရားတို့ကတော့ ကောင်းကင်နဲ့ မြေကြီး၊ သမုဒ္ဒရာ ဟိုဖက်ကမ်းနဲ့ ဒီဘက်ကမ်း ထက်ကို ဝေးကွာကြတယ်၊ အရှေ့နဲ့ အနောက်လို ဆန့်ကျင်နေကြတယ်။

ပါဠိ မဖတ်တတ်သူများအတွက် ပါဋ္ဌ်ဆင့်များကို ( ) ဖြင့် ဖော်ပြထားပါသည်။

သက်ရှည်ကျန်းမာဂါထာ

အဠာ န မေတံ ဘိက္ခဝေ အန၀ကာသော

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ

အနုပက္ကမေန ဘိက္ခဝေ ထတာဂတာ ပရိနိဗ္ဗာယန္တိ

ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

စိန္တာမဏိ ဂါထာတော်


စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။