Preview
။ ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း
မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ
မိဿရာသီဖွားများအတွက်
Any Changes
တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။
ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့်
အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။
(ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ
ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။
မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက်
ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော
အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။
စိတ်ပိုင်းဆိုင်ရာ ။
။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ
အထူးဝင်ရောက်နိုင်တယ်။ Stress အလွန်များမယ့် နှစ်မျိုး ဖြစ်နိုင်တယ်။
ဒါကြောင့် စိတ်ဓာတ်ရေးရာ အထူး ပျက်ပြားဖွယ် ရှိတယ်။ အထီးကျန်ဆန်မှုကို
ခံစားရမယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းမယ်။ လူတစ်ဖက်သား အပေါ်လည်း
မယုံမကြည်ဖြစ်မယ်။ စိတ်ကျရောဂါ ဖြစ်ပွားဖို့ရှိတယ်။ ကြုံလာသမျှ
ကိစ္စတိုင်းဟာ စိတ်ညစ်စရာတွေချည်းလို့သာ ထင်လာမယ်။ ဒီနှစ်အတွက်
မိဿရာသီဖွားတွေ စိတ်ဓာတ်ခွန်အားကို အထူးမြှင့်တင်ဖို့ လိုအပ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင်။
။ မိဿရာသီဖွားများအတွက် ဒီနှစ်ဟာ စီးပွားရေးတွေ အများကြီး အပြောင်းအလဲ
ဖြစ်နိုင်တယ်။ ရုတ်တရက် အလုပ်အကိုင် ပုံစံပြောင်းလဲမှု ၊ ဟောင်းနွမ်းနေတဲ့
လုပ်ငန်းများ ဖျက်သိမ်းခြင်း (သို့) ပျက်စီးခြင်းများ ဖြစ်နိုင်တယ်။
အလုပ်အများကြီး လုပ်ကိုင်နေသူများအဖို့ လုပ်ငန်းအတော်များများ
ရပ်စဲလိမ့်မယ်။ သို့သော် ကောင်းသော ပုံစံသို့ ပြန်လည်
ပြင်ဆင်ဖွဲ့စည်းနိုင်လိမ့်မယ်။ အပြောင်းအလဲအချိန်မှာ ပဋိပက္ခတွေ ရှိမယ်။
မိသားစု /အဖွဲ့အစည်း အတွင်းမှာ အပြောင်းအလဲကို ဆန့်ကျင်မှုတွေ ကြုံရမယ်။
အခက်အခဲ အလွန်များမယ်။ အချို့သော မိဿရာသီဖွားတွေမှာဆိုရင် တစ်သက်လုံး
လုပ်လာခဲ့တဲ့ လုပ်ငန်းမျိုးသော်မှ အကြောင်းတစ်ခုခုကြောင့် ရပ်စဲသွားပြီး
လုပ်ငန်းသစ် ဘ၀သစ်ကို အခက်အခဲများစွာနဲ့ ပြန်စ, ရကိန်း ရှိတယ်။ သို့သော်
လုပ်ငန်းသစ်ကို အောင်မြင်အောင် ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်။ ယခုမှ
အလုပ်သစ် အကိုင်သစ်တစ်ခု စပြီ ရှာဖွေနေကြသူများလည်း ဒီနှစ်ထဲမှာ လ,ပေါင်း
အတော်ကြာအောင် အလုပ်ရှာနေရမယ်။ နောက်ဆုံးတော့ ရည်မှန်းထားတဲ့ အလုပ်တစ်ခု
ရပါလိမ့်မယ်။
ငွေရေး ကြေးရေး။
။ ငွေကြေး အ၀င်များသလို အထွက်လည်း များမယ်။ ဒီနှစ်မှာ ငွေအဖတ်တင်အောင်
စုမိဖို့ အလွန်ခဲယဉ်းမယ်။ ဒီကြားထဲမှာ လူလိမ်လူကောက်ဖြစ်ဖြစ် ၊
ကတိမတည်သူကိုဖြစ်ဖြစ် ငွေပေးမှား /ငွေချေးမှားလို့ ဆုံးရှုံးတာမျိုးလည်း
ရှိမယ်။ လာဘ်လာဘ အလွန်ရွှင်တဲ့ သူမျိုးတောင်မှ “အိတ်ပေါက်နဲ့ဖားကောက်ရတဲံ”
ကိန်းမျိုး ဖြစ်မယ့် နှစ်မျိုးဖြစ်တယ်။ မိမိကိုယ်တိုင်ကလည်း ဒီနှစ်ထဲမှာ
အသုံးအဖြုန်း အလွန်ကြီးနေမယ်။ စီမံကိန်းတွေ ၊ လုပ်ငန်းတွေမှာ မလိုအပ်ဘဲ
ဇာချဲ့မှုတွေကြောင့် ငွေကြေး မလုံမလောက်ဖြစ်မယ်။ ဒီနှစ်မှာ
မိဿရာသီဖွားများအတွက် ငွေဟာ “သုခ” ကို မပေးနိုင်ဘဲ “ဒုက္ခ” ကိုသာ ပေးမယ့်
အရာတစ်ခု ဖြစ်နိုင်တယ်။
ပညာရေး။
။ ပညာရေးကံ ဧပြီ (၂၀)နောက်ပိုင်းမှ ပြန်ပြီးကောင်းမယ်။ ဒီမတိုင်ခင်တော့
ပညာရေးကံ အလွန်အားနည်း နေမယ်။ နိုင်ငံရပ်ခြားသို့ ပညာသွားရောက်
သင်ကြားလိုသူများ ဧပြီ(၂၀)မတိုင်မှီအတွင်း ငွေကြေးပိုင်းဆိုင်ရာ
အခက်အခဲကြုံတွေ့နိုင်တယ်။ အဲဒီနောက်ပိုင်း ပြန်လည် အဆင်ပြေနိုင်တယ်။
အချစ်ရေး
။ ။ ဒီနှစ် 2013 အတွင်း မိဿရာသီဖွားများ အချစ်ရေးကံ
မကောင်းသေးပါ။ နှောင့်နှေးကြန့်ကြာမှု များနေမယ်။ အကြပ်အတည်းပေါင်းစုံ
ကြုံရမယ်။ သို့သော် နှစ်ကုန်ပိုင်းလောက်မှ ပြန်ပြီး အဆင်ပြေမယ်။
အိမ်ထောင်ရေး
။ ။ အိမ်ထောင်ပြုမည့်သူများအတွက်တော့ အခက်အခဲနှင့်
နှောင့်နှေးကြန့်ကြမှုများ ရှိနိုင်ပေမယ့် အိမ်ထောင်ကျ နိုင်မယ့်
နှစ်ဖြစ်တယ်။ သင်္ကြန်ကျပြီး မေလနောက်ပိုင်းမှာ အိမ်ထောင်ပြုသူများ
တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနား နှင့် ဆောင်နှင်းရဖွယ် ရှိတယ်။
အိမ်ထောင်ပြုဖို့ တစ်နှစ်ပြီး တစ်နှစ် ရက်ရွှေ့လာကြသူများ ယခုနှစ်အတွင်း
အိမ်ထောင်ပြုဖြစ်ကြ လိမ့်မယ်။
မိသားစု နှင့် အိမ်တွင်းရေး
။ ။ အိမ်တွင်းရေး မိသားစုအရေးကတော့ မကြာခဏ
ကတောက်ကဆဖြစ်မယ်။ အိမ်တွင်းရေး ပူညံပူညံဖြစ်မယ်။ မိမိသဘောထား နှင့်
ကျန်သူများ မတိုင်ဆိုင်မှု များမယ်။ တစ်ခါတစ်ရံ အလွန်ပေါက်ကွဲပြီး
ဒေါသဖြစ်စရာတွေကြုံမယ်။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ လ, ပိုင်းတွေလည်း
ရှိမယ်။ ဆူဆူညံညံ ဖြစ်တတ်ပေမယ့် ပြောပလောက်တဲ့ ကံမကောင်းမှုမျိုးတော့
မရှိနိုင်လို့ ယူဆပါတယ်။
ကျန်းမာရေး ။
။ မိဿရာသီဖွားတွေအတွက် ဒီနှစ် ကျန်းမာရေး အားနည်း နိုင်ပါတယ်။ ရုတ်တရက်
ကောက်ခါငင်ကာ ထ,ပြီး ရောဂါဖြစ်တာမျိုး ကြုံရနိုင်တယ်။ အစားမှားနိုင်လို့
ကိုယ်နဲ့ သိပ်မတည့်တဲ့ အစားအစာများ ဒီနှစ်မှာ အထူးရှောင်ပါ။ ဦးခေါင်း ၊
မျက်နှာ ၊ သွားခံတွင်း ၊ လည်ပင်း တစ်ဝိုက်မှာ ခွဲစိတ်ကုသခံရမှုမျိုး
ရှိနိုင်တယ်။ ဦးခေါင်း နဲ့ ခြေထောက်ပိုင်းများမှာ ထိခိုက်ဒဏ်ရာရတတ်ပြီး
သွေးထွက်သံယို ဖြစ်တတ်တယ်။ မီး ၊ လျှပ်စစ်များကို သတိထား ကိုင်တွယ်ပါ။
အပူလောင် လျှပ်စစ်ဓာတ်လိုက်ခြင်း များ ကြုံရနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ
အားနည်းတဲ့ နှစ်ဖြစ်လို့ ချူခြာလွယ်ပြီး ကူးစက်ရောဂါများ ၊ ရာသီအပြောင်း
ဖြစ်တဲ့ ရောဂါများ သတိပြုပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး
။ ။ ပြည်တွင်းခရီး သွားလာမှုများ
နှောင့်နှေးကြန့်ကြာမယ်။ သို့သော် ပြည်ပ ခရီးများ သွားလာ ရဖို့ ရှိပါတယ်။
မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသော ပြည်ပခရီးစဉ်များ
ဖြစ်ပေါ်လာနိုင်တယ်။ သို့မဟုတ် မိသားစု နှင့် ပြည်တွင်း ဘုရားဖူးခရီး၊
အပန်းဖြေခရီးများ သွားလာရဖို့ ရှိတယ်။ နိုင်ငံရပ်ခြား သို့ အလုပ်သွားရောက်
လုပ်ကိုင်မည့်သူများ မေလလောက်က စ,ပြီး ကံကြမ္မာအခွင့်အလမ်းကောင်းများ
ပေါ်လာနိုင်တယ်။
လူမှုဆက်ဆံရေး
။ ။ မိဿရာသီဖွားများအဖို့ ယခုနှစ်မှာ
လူမှုဆက်ဆံရေးပိုင်းမှာ မပြေလည်မှု ၊ ကတောက်ကဆ ဖြစ်မှုတွေ များနိုင်ပါတယ်။
ဒီနှစ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မကြည်မလင်ဖြစ်မှု များနေတာကြောင့်
ဖြစ်နိုင်ပါတယ်။
နှစ်ချုပ် ကံကြမ္မာ
။ ။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက်
ကံကောင်းလှတဲ့ နှစ်လို့တော့ မဆိုနိုင်သလို ကံ အရမ်း ဆိုးမယ့် နှစ်လည်း
မဆိုနိုင်ပါဘူး။ တကယ်တန်း ဖြစ်ပျက်တဲ့ ကိစ္စထက် ကိုယ်က ပုံကြီးချဲ့ပြီး
တွေးနေ ၊ စိတ်ဓာတ်ကျနေတတ်လို့ ကံမကောင်းလှတဲ့ နှစ်လို့ ခံစားရနိုင်တယ်။
သို့သော်လည်း ဧပြီလ (၂၀)ရက် မတိုင်မှီအထိတော့ မိဿရာသီဖွားအားလုံးလိုလို
ကံအထူးညံ့နေတတ်လို့ သတိထားရမယ့် ကာလဖြစ်ပါတယ်။ ထိုကာလ ကျော်လွန်လာလျှင်
ကံဇာတာ သိပ်အညံ့ကြီး မရှိနိုင်တော့ပါ။ အရေးကြီးတာ ဒီနှစ်ထဲမှာ
အခက်အခဲအကြပ်အတည်းကြုံလာရင် ဆုံးဖြတ်ချက် မမှားဖို့လိုတယ်။ ဒီနှစ်ထဲမှာ
မိဿရာသီ အများစုဟာ စိတ်အလျှင်စလို ၊ စိတ်လိုက်မာန်ပါ
ဆုံးဖြတ်ချက်ချမိတတ်ကြပြီး ဒီအမှားကို ကိုယ်ဘဲ ရင်ဆိုင်ဖြေရှင်းရဖို့
ရှိတယ်။ စိတ်အလိုမလိုက်ဘဲ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်
နိုင်ဖို့လိုလိမ့်မယ်။ ဒီနှစ်အတွက် မိဿရာသီဖွားတွေမှာ မိမိဆုံးဖြတ်ချက်
မှန်မှု/မမှန်မှုအပေါ်မူတည်ပြီး ကံကောင်းမှု အနိမ့်အမြင့်
ကွာခြားသွားကြလိမ့်မယ်။ ဒီနှစ်အတွက် အထူးအကြံပေးစကားက – သတိရှိပါ။
ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။
နေ့သားသမီး အလိုက်ကံကြမ္မာ။
။ ဒီနှစ်အတွင်း မိဿရာသီဖွားများအနက် “အင်္ဂါနေ့” နှင့် “သောကြာနေ့”
မွေးဖွားသူများသာ ကံအမြင့်မားဆုံးဖြစ်တတ်ပြီး ကျန်နေ့သားသမီးများ
အနည်းနှင့် အများ ပြဿနာ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင်ရနိုင်တယ်။
စနေသားသမီးများ နှင့် ရာဟုသားသမီးများ ကံဇာတာ အညံ့ကို
ခက်ခဲစွာကျော်ဖြတ်ကျော်ရမယ်။
ယတြာပြုလုပ်လိုက
။ ။ အခမဲ့ဆေးပေးခန်း ၊ ဆေးရုံ ၊ နာရေးကူညီမှု ၊ ဌာနများမှာ
မိမိတတ်နိုင်သလောက် ငွေလှူဒါန်းပေးပါ။ အနည်းဆုံး (၃)လ တစ်ကြိမ်လောက်
တစ်နှစ်လုံး လှူဒါန်းပေးပါ။